ပြတင်းပေါက်ကြားထဲမှ ဝင်လာသော
နေရောင်ကြောင့် ထယ်ရယ် ဆက်မအိပ်နိုင်တော့ဘဲ
နိုးလာရသည်။ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေပြီး ထချင်စိတ်
မရှိသော်လည်း ဆက်ကနဲလှုပ်လိုက်မိ၍ ထိထားသော ဒဏ်ရာက နာလာသည်။ထိုအခါမှ အသိဝင်၍ အနာရှိရာကို စမ်းမိတော့
ပတ်တီးအထပ်ထပ်နှင့် စည်းထားသည်ကိုတွေ့ရသည်။ထယ်ရယ်သည် မှတ်ဉာဏ်များကို recall ပြန်ခေါ်
နေရသည်။ သူကျည်ဆန်ထိတဲ့ အချိန် ဒူဘိုင်းမှာပဲ
ရှိသေးပင်မယ့် အခုတော့ ဘယ်ရောက်နေမှန်းမသိ။
အိပ်ခန်းအကျယ်ကြီးတွင် မြင်မြင်သမျှအသုံးဆောင်တိုင်းက မဲမှောင်နေသည်။ နေရာင်သာမရှိရင်
ထယ်ရယ် ဘာမှမြင်နိုင်မှာ မဟုတ်ပေ။ကျည်ဆန်သည် ညာဘက် ပုခုံးကြောနားကို ထိထားတာကြောင့် ဘယ်ဘက်လက်ကို အားပြု၍ ထိုင်မည်လုပ်စဉ်တွင် ရစ်ခီရှန်သည် ဇလုံတစ်ခုအား ကိုင်၍
ဝင်လာသည်။ထယ်ရယ်နိုးနေတာ မြင်တော့ပြေးလာကာ
ခုတင်ပေါ်တွင် ခြေထောက်လွှဲထိုင်၍ ထယ်ရယ့်အား ကိုယ်ပူစမ်းလာသည်။"ထယ်ရယ် နိုးနေတာ ကြာပြီလား"
"မကြာဘူး ခုနကမှနိုးတာ"
"အဖျားတော့ကျနေပြီ ဆရာဝန်ခေါ်ထားသေးတယ်"
"ရတယ် ငါသက်သာနေပြီ"
"ဘာကိုသက်သာရမှာလဲ သတိမေ့နေတာ ၃ရက်
ကျော်နေပြီမလို့ ထယ်ရယ်က ကိုယ့်အစား
ဝင်ခံပေးလိုက်လို့ ကိုယ်ဘယ်လောက် စိတ်ပူနေလဲ
သိရဲ့လား ""ဘယ် ဘယ်သူက မင်းအစား ဝင်ခံပေးတယ်လို့
ပြောတာလဲ ဒီတိုင်း ကျည်ဆံလာနေလို့ ပိတ်ရပ်
လိုက်တာ""ပိတ်ရပ်ရအောင် ထယ်ရယ်က ဘာမလို့လဲ
နောက်ဆို ကိုယ့်အစား ဝင်ခံမပေးနဲ့
ထယ်ရယ် ထိခိုက်တာမြင်ရင် ကိုယ့်နှလုံးသားက နာကျင်လို့""ဘာကို နှလုံးသားလဲ ငါကယောက်ျားလေးနော်"
"ထယ်ရယ်ရော ကိုယ်ရောက ယောက်ျားလေးမလို့
ချစ်ပိုင်ခွင့် မရှိတော့ဘူးတဲ့လား""ငါပြောတာ အဲ့လို မဟုတ်ဘူးလေ"
ထယ်ရယ်နှင့် ရစ်ခီ စကားအခြေအတင် ဖြစ်နေစဉ်
တံခါးဖွင့်သံကြားလိုက်၍ နှစ်ယောက်လုံး ပြိုင်တူ
လှည့်ကြည့်မိသည်။