Chapter 5

364 42 0
                                    

နေရောင်သည် မျက်လုံးသို့ ထိုးလာသဖြင့်
လက်ဖြင့်ကာ၍ ထလိုက်မိသည်။

ညကဘယ်နှစ်ခွက်တောင် သောက်လိုက်မိလို့
မနက်ကျ ခေါင်းကိုက်တာ ဆိုးရွားနေမှန်း
ထယ်ရယ်မသိ။

ရစ်ခီသည် သံပုရာရည်ခွက်ကို ကိုင်၍အခန်းထဲ
ဝင်လာသည့်တိုင် ထယ်ရယ်သည် ကိုက်နေသော
ခေါင်းကိုထုနေလို့မပြီးသေး။

"အရမ်းမလုပ်နဲ့လေ ခေါင်းကိုက်တာ ၂ဆ ဖြစ်သွား
ဦးမယ်"

"ညက ဘယ်နှစ်ခွက် သောက်မိတာလဲဟင်"

"၅ခွက်ပဲ ၅ခွက်ပြီးတာနဲ့ ဝိုင်ပုလင်းဖက်ပြီး
အိပ်ပျော်သွားတာပဲ"

"ဒါဆိုညက မင်းငါ့ကိုအခန်းထဲ ပို့ပေးတာလား"

"ထယ်ရယ့်ဘေးနားမှာ ကိုယ်ကလွဲပြီး ဘယ်သူ့ကို
မြင်မိသေးလို့လဲ"

ထယ်ရယ်သည် ရုတ်တရက် အသိဝင်လာကာ
ညအိပ်ဝတ်စုံအား ငုံ့ကြည့်မိသည်။

ညကဝတ်ထားတဲ့ အင်္ကျီသည် ရစ်ခီ့ဟူဒီဖြစ်ပြီး
မနက်တွင်တော့ အဝါရောင် ဘဲပေါက်လေးတွေ
ပါရှိသည့်Pajama ဝမ်းဆက်နှင့် ဖြစ်နေသည့်
အတွက် ရစ်ခီ့အား မျက်လုံးမှေးကာ စိုက်ကြည့်
လိုက်သည်။

"ရစ်ခီရှန် ငါ့ကိုဘာလုပ်ထားသေးလဲ"

"အင်္ကျီပဲ လဲပေးထားတာလေ အင်္ကျီလဲတယ်
ဆိုတာကလည်း ထယ်ရယ်ကပူတယ်ဆိုပြီး
အဝတ်တွေ ဆွဲချွတ်နေလို့ သိပ်မအိုက်တဲ့ဟာလေး
ဝတ်ပေးထားတာ"

"အင်္ကျီလဲပေးထားရုံပဲမလား"

"အင်းလေ ထယ်ရယ်က ကိုယ့်ကိုတခုခု
လုပ်စေချင်လို့လား စိတ်ချပါ ထယ်ရယ့်ခွင့်ပြုချက်
မရမချင်း ရှေ့မတိုးချင်ဘူး"

အဲ့တော့မှ သက်ပြင်းချနိုင်သော ထယ်ရယ်ကိုကြည့်ပြီး
ရစ်ခီသည် အသာပြုံးကာ ကုတင်ဘေးရှိ စားပွဲတွင်
တင်ထားသော သံပုရာရည်ကို လှမ်းယူကာ

"သောက်လိုက်ဦး စိတ်ကြည်သွားအောင်လို့"

"အင်း"

ထယ်ရယ် သောက်ပြီးသော သံပုရာရည်ခွက်ကို
ရစ်ခီသည် စားပွဲခုံပေါ် ပြန်တင်၍

"ထ မျက်နှာသစ်လိုက်ဦး အောက်မှာ အမူးပြေဟင်းရည် လုပ်ပေးထားတယ်"

The Dichotomous KeysWhere stories live. Discover now