Chapter 9

301 36 4
                                    

1 year later…

"တောက်ခ် ဘယ်လိုဖြစ်ပြီး ထပ်လွတ်သွားပြန်တာလဲ"

"အဲ့ဘိုးတော်ကြီးက သူ့ရဲ့‌ ဂေါ်ဖီထုတ်ကို ဖွက်တာတော်တော်လေးကို တော်နေတာပဲ"

ရုံးခန်းထဲရှိ ပစ္စည်းများသည် ရစ်ခီ၏ လက်ချက်ဖြင့်
ပွစာကြဲကာ ပျက်စီးလျက်ရှိနေပြီး ဆောင်ဟွန်းက
စိတ်လျော့ရန် သတိပေးနေပင်မယ့် ဂယူဘင်းကတော့ ခါးထောက်ကာ ရပ်ကြည့်နေသည်။

ရစ်ခီသည် ထယ်ရယ်ခေါ်သွားခံရပြီး ‌၁လအကြာတွင်
နိုးလာခဲ့သည်။ပြန်နိုးလာသည့် အချိန်တွင် သောင်းကျန်းမည်ဟု ထင်သော်လည်း အေးဆေး
တည်ငြိမ်နေကာ အကြာကြီးအနားယူထားရသဖြင့်
အလုပ်မလုပ်နိုင်သေးသော သူ၏ခန္ဓာကိုယ်ကို
ပြန်လည်ထူထောင်ရေး အရင်လုပ်သည်။

အနည်းဆုံး၂လ အချိန်ယူရသည့် ပြန်လည် ထူထောင်ရေးကို ၁လတည်းနဲ့ လုပ်နိုင်သဖြင့် ဆရာဝန်တွေကပါ
အံ့ဩလို့မဆုံးဖြစ်နေသည်။
ခေါင်းကိုပြင်းပြင်းထန်ထန် ထိခိုက်မိသော်လည်း
အတိတ်မေ့‌တာတွေ မဖြစ်လို့ပါ ဓါတ်မှန်ထပ်ရိုက်
ရသေးသည်။ ထိုအချိန်ထိ အေးဆေးဖြစ်နေပင်မယ့်
ပြဿနာကတော့ ရစ်ခီအလုပ် ပြန်ဝင်ချိန်တွင် ဖြစ်သည်။

ကျန်းမာရေး ကောင်းမွန်သွားသည်ဟု မဆိုနိုင်သေးသော်လည်း ရစ်ခီသည် ဂိုဏ်း၏ပင်မဌာနချုပ်ကို
သွားကာ ထယ်ရယ့်အားရှာဖွေရန် လုပ်ငန်းစဉ်များကို
စတင်တော့သည်။

တစ်ကမ္ဘာလုံးအနှံ့ ရစ်ခီ့လူများ လွှတ်ထား‌သော်လည်း မတွေ့နိုင်သေး။ တွေ့‌မယ့်တွေ့တော့လည်း ကနေဒါမှာဖြစ်သောကြောင့် ကနေဒါအထိ လိုက်သွား
ကြည့်သော်လည်း ထယ်ရယ့်အဖေက ခြေတစ်လှမ်း
ပိုစောကာ ထယ်ရယ်အား နေရာရွေ့လိုက်ပြီဖြစ်သည်။

ရစ်ခီသည် လက်မလျော့ပဲ ထယ်ရယ့်အား ဆက်လက်ရှာဖွေနေဆဲ။ ယခုတကြိမ်‌တွင်တော့ ထယ်ရယ့်အား
အလွတ်ပေးတော့မည် မဟုတ်။

ယခုတွင်လည်း ထယ်ရယ့်အား အီတလီနိုင်ငံတွင်
တွေ့လိုက်သည်ဟု သတင်းပို့လာသဖြင့်
ရှန်ဟိုင်းတွင် လုပ်လက်စအလုပ်များကို ပစ်ထားကာ
အီတလီဆီ ချက်ချင်းလိုက်လာသော်လည်း
ထယ်ရယ့်အဖေကပင် ရစ်ခီ့အား ကွက်ကျော်ရိုက်
သွားပြန်သဖြင့် အီတလီရှိ ဌာနခွဲရုံးခန်းတွင်
ရစ်ခီသောင်းကျန်း နေခြင်းဖြစ်သည်။

The Dichotomous KeysWhere stories live. Discover now