Chapter 2

465 52 2
                                    

ပွဲသည် ညနေမှ စမည်ဖြစ်သဖြင့် ထယ်ရယ်တို့
အုပ်စုသည် ကုတင်ပေါ်တွင် လှဲကာ အနားယူနေကြသည်။ ထိုအချိန်တွင် ယူဂျင်း၏ ဖုန်းမြည်လာပြီး
'ကိုကို' ဟုပြောကာ ဝရန်တာသို့ ထွက်သွားသည်။

ယူဂျင်းသည် သူနှင့် လေးနှစ်ကွာသော အမျိုးသားအား
ချစ်သူအဖြစ်ရရှိထားပြီး အဆိုးလေးလုပ်နေသည်။

တခါတလေမှာတော့ ထယ်ရယ်လည်း ယူဂျင်းလိုမျိုး
ရည်းစား တ‌စ်ယောက်လောက်တော့ ရချင်မိသည်။
သို့သော် ယူဂျင်းတို့လို မြဲမယ်လို့တော့မထင်ပေ။

ခနအကြာတွင် ဝရန်တာတွင် ဖုန်းထွက်ပြောနေသော
ယူဂျင်းသည် ပြန်ဝင်လာပြီး

"ဟျောင်းလ် တို့ဗိုက်မဆာကြဘူးလား"

ကုတင်ပေါ်ရှိ ဂျီအွန်းဟျောင်းလ်သည် အိပ်ပျော်နေ၍
ပြန်မဖြေသော်လည်း ဂွန်းဝုကတော့ အိပ်တဝက်
နိုးတဝက်ဖြင့် ပြန်ဖြေလာသည်။

"ယူဂျင်းနီး ဟျောင်းလ်ကို စွံပလွန် သီးဝယ်ပေးပါလား"

"ဟုတ် ဟျောင်းလ် ထယ်ရယ် ဟျောင်းလ်ရော
ဘာမှာမလဲ"

"ဟျောင်းလ်က တော်ပြီ ဒီနားပဲသွားနော် အဝေးကြီးတွေလျှောက်မသွားနဲ့"

"ဟုတ်ကဲ့ပါ"

ယူဂျင်းထွက်သွားပြီးသည့် နောက်တွင် ထယ်ရယ်
သိချင်သည့် အကြောင်းများကို ဂွန်းဝုဆီ
စမေးလိုက်သည်။

"ဂွန်းဝုရား မနေ့က ဂျီအွန်းဟျောင်းလ် ဘယ်သွား
နေတာတဲ့လဲ"

"ကျွန်တော်လည်း မသိဘူးဟျောင်းလ် ပြန်လာတော့
ရုပ်က ပြီတီတီကြီးနဲ့ ပျော်စရာ တွေ့လာတဲ့ပုံပဲ"

ထယ်ရယ် သက်ပြင်းချ လိုက်မိသည်။
ဂျီအွန်းဟျောင်းလ် ဆိုသည်မှာ  မစ်ရှစ်တစ်ခါ
ထွက်တိုင်း ရည်းစားတစ်ယောက် ရသည်။

အထက်ကနေ မစ်ရှင်အသစ်ကျ လာလျှင် တွဲနေသည့်
ရည်းစားအားဖြတ်သည်။ နောက်တွင် ရည်းစား
အသစ်တစ်ယောက်ထပ်ရသည်။

ဂျီအွန်းဟျောင်းလ်ရဲ့ ရည်းစားတစ်ယောက်ပြီး
တစ်ယောက်ပြောင်းတတ်တဲ့ အကျင့်ကိုသိချင်၍
မေးမိသော်လည်း 'နိုင်ငံအစုံက ကောင်မလေးတွေနဲ့
တွဲကြည့်တာ ဘာအကျိုးမှ မယုတ်ပါဘူးဟာ'ဟုသာ
ပြန်ဖြေလိမ့်ရှိသောကြောင့် ထယ်ရယ်လည်း
ထပ်မမေးမိ။
_________________

The Dichotomous KeysWhere stories live. Discover now