ရစ်ခီ တစ်ယောက် အီသန်ဘက်မှ အရေးပေါ်
ချိန်းဆိုမှုကြောင့် အီသန်ရှိရာ ဆေးရုံဆီသို့
ရောက်သွားသော်လည်း ဆောင်ဟွန်း၏
ထယ်ရယ်မေ့လဲသွားတယ် ဆိုသည့် စကားကြောင့်
အီသန်ကိုပါ တခါတည်းခေါ်ကာ စံအိမ်သို့ ပြန်ပြေး
လာရသည်။စံအိမ်ရှေ့တွင် ဆောင်ဟွန်းနှင့် ဂယူဘင်းက
ရပ်စောင့်နေပြီး ရစ်ခီ့တို့ ဝင်လာတာကို မြင်သောအခါ"ခေါင်းကိုက်တယ်ဆိုပြီး ပြောနေရင်းကနေ
မေ့လဲသွားတာ ငါလည်း အီသန့်စကားကြောင့်
ခေါင်းကိုက်ပျောက်ဆေးကို မနက်တစ်ကြိမ်ပဲ
တိုက်ရသေးတယ်"ဆောင်ဟွန်းသည် ပြောလည်းပြောရင်းနှင့်ပင် အပေါ်ထပ်သို့ ခြေလှမ်းကြဲများကြီးများဖြင့်
ပြေးတက်နေသည်။ရစ်ခီကတော့ ဆောင်ဟွန်း၏အပြောကို ဆုံးအောင်
မစောင့်ပဲ ပြေးတက်သွားသည်မှာ ထယ်ရယ်ရှိကာ အခန်းထဲပင် ရောက်နေပြီဖြစ်သည်။ဂျူတီကုတ်ပင် မချွတ်နိုင်သေးသော အီသန်သည်
ထယ်ရယ့်အခြေအနေအား စမ်းသပ်ကြည့်ကာ
အားဆေးချိတ်ရန်ပါ ပြင်ဆင်ရသည်။မေ့မျောနေသော ထယ်ရယ်၏အာရုံထဲတွင်
အတိတ်က အကြောင်းအရာများသည် အနှေးပြကွက်နဲ့ တစ်ခုချင်းစီပြန်ပေါ်လာသည်။'ကျွတ်'
အခန်းထဲတွင် ကျန်နေခဲ့သော ရစ်ခီသည်
ကြမ်းပြင်တွင် ငုပ်တုတ်ထိုင်နေသော အီသန့်အား
ဆွဲထူ၍ ထယ်ရယ့်အား စစ်ဆေးစေသည်။"စိတ်မပူပါနဲ့ အားဆေးထဲမှာ အိပ်ဆေးနည်းနည်း
ရောပေးထားလို့ အိပ်ပျော်နေတာ ညလောက်မှ
နိုးလာလိမ့်မယ် အဲ့အချိန်မှ အစားဝင်အောင်
ကျွေးပြီးအကိုက်အခဲ ပျောက်ဆေးတိုက်လိုက်
ငါဒီရောက်နေတာ ကြာနေပြီမလို့ ပြန်လိုက်ဦးမယ်
ခနခန နေရာမှာ မရှိတာ ဆေးရုံအုပ်သာသိရင်
ငါအလုပ်ထုတ်ခံရမှာ""အလုပ်ထုတ်ခံရရင် ဒီမှာပဲ Personal doctor
လာလုပ်လေ""တော်ပါ Personal doctor အတည်တကျ
မဖြစ်သေးတာတောင်း ငါ့ကိုဆွဲလားရမ်းလားနဲ့
အတည်များဖြစ်ရင် လူပုံစံတောင် ပေါက်ပါဦးမလားပဲ"