စိုးရိမ်စိတ်နဲ့အတူ လဲကျလာသည့် ကိုယ်လေးအား
ပြေးပွေ့လိုက်သည်။ ထယ်ရယ့်အမေရော ယူဂျင်းပါ အနားရောက်လာချိန်တွင်"အန်တီ ထယ်ရယ့်ကိုခေါ်သွားလို့ရမလား"
"သားရဲ့သတင်းတွေ အန်တီကြားပါတယ်
သားစိတ်နဲ့သာဆို အန်တီ့ကို ခွင့်တောင်းစရာ
မလိုဘူးထင်တယ်""ဖြစ်နိုင်ပါတယ် အခုက ထယ်ရယ့်အမေ ဖြစ်နေလို့ပါ"
"၁၀မိနစ်ပဲအချိန်ရမယ် ထယ်ရယ့်အဖေလူတွေကို
အချိန်ဆွဲထားပေးမယ်""ကျေးဇူးတင်ပါတယ် အန်တီ"
"မလိုပါဘူး ချင်းရှူလေးရဲ့ ထယ်ရယ်မမှတ်မိပင်မယ့်
အန်တီသိပါတယ် နောက်ပြီး ကျေးဇူးပဲ ထယ်ရယ့်အနားကို ပြန်ရောက်လာပေးလို့""ထယ်ရယ့်ကိုစိတ်ချလိုက်ပါ မှဲ့တပေါက်တောင်
မစွန်းစေရပါဘူး""လက်တွေ့ပဲ မြင်ချင်တာမလို့ သွားတော့
ယူဂျင်းလေးပါ လိုက်သွား ထယ်ရယ့်အဖေ
စိတ်ကြီးတာ သိတယ်မလား""ဒါပင်မယ့် အန်တီ"
"ရတယ် ယူဂျင်းနီးရဲ့ အန်တီသူ့ဘေးမှာ
နေလာတာ ကြာပါပြီ"မျက်ရည်များဝဲနေသည့် မျက်လုံးများဖြင့် ကြည့်နေသော ယူဂျင်း၏လက်ကို ဂယူဘင်းသည်သွား၍
ဆုပ်ကိုင်လိုက်ပြီး"ခွင့်ပြုပါဦး"
"ထပ်ပြီး ထယ်ရယ်နဲ့ စိတ်ချပေးလို့ ကျေးဇူး
တင်ပါတယ်"ရစ်ခီသည် နောက်ဆုံးအကြိမ်အဖြစ် ဂါဝရပြုလိုက်ပြီး
ထယ်ရယ့်အားပွေ့ချီကာ အဝတွင် ရပ်ထားခဲ့သည့်van
ကားဆီသို့ ပြေးမိသည်။ အနောက်တွင်လည်း
ယူဂျင်းလက်ကို ဆွဲ၍လိုက်လာသော ဂယူဘင်းလည်း
ရှိသည်။ကားပေါ်တွင် ဆောင်ဟွန်းက စက်အသင့်နှိုးထား၍
နောက်ဆုံးတန်းတွင် ဂယူဘင်းတို့ဝင်ထိုင်ပြီးမှ
ထယ်ရယ့်ကို ပွေ့ချီထားသည့် ရစ်ခီကဝင်ထိုင်သည်။အရင်ဆုံး Switzerland မှထွက်ရမည်ဖြစ်၍
လေဆိပ်ရှိရာသို့ မောင်းနှင်ကာ ထိုမှတဆင့်
ရှန်ဟိုင်းကို ပြန်မည်ဖြစ်သည်။ ယခုအချိန်တွင်
ထယ်ရယ့်အဖေနဲ့ ဝေးနိုင်သမျှအဝေးဆုံး သွားထားမှဖြစ်မည်။