မြင်ကွင်းကျယ်ကျယ်နှင့် အားလပ်ရက်အတွက်သင့်တော်သည့် သာယာတဲ့ တောင်စောင်းများနှင့်အတူ နေဝင်ချိန်ကို ကြည့်ရှူရန်သင့်တော်သည့် Brigrl
မြို့သည် နွေရာသီတွင် အလွန်ကွဲပြားပြီး
တောင်တက်လမ်းများ၊ စက်ဘီးလမ်းများ၊
အသေးစားဂေါက်ကွင်း၊ ရေချိုးကန်၊ မြင်ကွင်းကျယ်
ဂေါက်ကွင်း များဖြင့် ခရီးသွားတို့ကို ဆောင်လျက်
ရှိသည်။Flight ပေါ်မှာတည်း ဂယူဘင်းသည် Brigels ရှိ
Hotel Mischun ဆီ Booking ကြိုလုပ်ထားသဖြင့် လေဆိပ်ကနေ ဟိုတယ်ရှိရာသို့ တန်းထွက်
လာလိုက်သည်။Brigels ရှိ Hotel Mischun သည် ရွာလယ်မှ မီတာ 400 နှင့် ကေဘယ်ကားများမှ 800 မီတာ ကွာဝေးသည်။ Hotel Mischun သည် sauna၊ ရေနွေးငွေ့ရေချိုးကန်နှင့် ခြေဖဝါးနှိပ်နယ်သည့် ရေကူးကန်တို့ပါရှိသော spa ဧရိယာတစ်ခုပါရှိသည့်
Luxury hotel ဖြစ်သည်။ဟိုတယ်တွင် ကြီးမားသော ဥယျာဉ်နှင့် လှေကားထစ်တစ်ခုပါရှိသည်။ Reception မှာ check in
လုပ်ပြီးတာနဲ့ အထုတ်တွေကို ဟိုတယ်ဝန်ထမ်းများထံ အပ်ကာ သူတို့၃ဦးကတော့ ယူဂျင်း၏ဖုန်းကိုခြေရာ
ခံမိထားသည့် အဆောက်အဦးဆီသို့ ထွက်လာ
လိုက်သည်။သစ်ညိုရောင်ရှိသော အိမ်သည် ရှေးကျသည့်ပုံ
ပေါ်ပြီး ခြံဝန်းလေးပါ ရှိသည်။ ရစ်ခီတို့ကားသည်
ထိုအိမါ၏ မလှမ်းမကမ်းတွင် ရပ်ကာအိမ်၏ အခြေအနေအား အရင်လှမ်းကြည့်ရသည်။အိမ်တံခါးအား ဆွဲဖွင့်လိုက်သည်ကို မြင်ရပြီး ထွက်လာသူသည် ယူဂျင်းဖြစ်၍ Driver seat တွင်
ထိုင်နေသော ဂယူဘင်း၏ကျောများ မတ်လာရသည်။ယူဂျင်းသည် ရယ်မောလျက် အထဲရှိ အရာကို
အပြင်သို့ ထုတ်ဟန်ပြုနေသဖြင့် ထိုအရာကို
ဂယူဘင်းတို့၃ယောက်လုံး အာရုံစိုက်မိသွားကြသည်။ယူဂျင်းထုတ်လာသော အရာကိုမြင်၍ ရစ်ခီသည်
၂စက္ကန့်မျှစာ ကမ္ဘာကြီး ရပ်တန့်သွားသလိုပင်။
ယူဂျင်းလက်ထဲရှိ wheels chair ပေါ်တွင်
ထယ်ရယ်သည် နေရောင်လို တောက်ပသော
အပြုံးများဖြင့် ပါလာသောကြောင့်ဖြစ်သည်။အခုချိန် ကားပေါ်မှ ဆင်းသွားလျှင် ထယ်ရယ့်အဖေလွှတ်ထားသည့် လူများမိသွားမည် စိုးသဖြင့်
ကားပေါ်မှ ဆင်းရန်ပြင်နေသော ရစ်ခီ့ကို ဆောင်ဟွန်းပြန်ဆွဲချနေရသည်။