ပိတ်ရက်တွင် ရစ်ခီသည် Disney land သို့
လိုက်ပို့မည်ဟု ပြောထားသဖြင့် ထယ်ရယ်တစ်ယောက်
အစောကြီးနိုးနေလေသည်။အရင်အပတ်ကတင် ရစ်ခီသည် ကုန်တိုက်ကနေ
ရှိသမျှ အင်္ကျီတွေအကုန် ဝယ်ချလာသလားဟုအောက်မေ့ရလောက်တဲ့အထိ များပြားလှတဲ့ အဝတ်အစားများကို ထယ်ရယ်အတွက်ဟုဆိုကာ
အခန်းထဲရှိ ဗီဒိုအပြည့် ထည့်ပေးထားသဖြင့်
အင်္ကျီများကို စိတ်ကြိုက်ထိုင်ရွေးနေသည်။ရေချိုးပြီးကာစမလို့ bathrobe တထည်သာ
ဝတ်ထားသော ထာ်ရယ့်ထံမှ strawberry အနံ့သင်းနေသော ဆပ်ပြာနံ့ပါရလိုက်သည်။သင့်တော်မည်ထင်သည့် အင်္ကျီကို လဲလိုက်ပြီး
အခန်းတံခါးဖွင့်မည် အလုပ်တွင် တဖက်ကလည်း အခန်းတံခါးကို ဖွင့်လာလေသည်။ရစ်ခီသည် ထယ်ရယ်အိပ်ရေး ပျက်မည်စိုး၍
အကုန်ပြင်ဆင်ပြီးမှ နိုးရန်ထွက်လာသော်လည်း
အခန်းထဲမှ ထွက်ဖွင့်ပြင်နေသော ထယ်ရယ်နှင့်
ဆုံလေသည်။"ထယ်ရယ် နိုးနေတာ ကြာပြီလား"
"သိပ်မကြာသေးပါဘူး သွားကြမယ်လေ"
အခန်းရှေ့ပိတ်ရပ် နေသောရစ်ခီ့ကို ကျော်ကာ
ထယ်ရယ်သည် အောက်ထပ်သို့ဆင်းသွားသည်။အစောကြီးနိုးနေမှန်း သိသာစွာ ရှန်ပူနံ့နှင့်
ရေမွှးနံ့ကိုပါ ရလိုက်သဖြင့် ထယ်ရယ်အဆိုးလေးသည်
ရစ်ခီ့အား မဟုတ်ပါဘူးဟုတောင် ငြင်းသွားလိုက်သေးသည်။အောက်ထပ်တွင်တော့ ဆောင်ဟွန်းတို့အတွဲအပြင်
ရစ်ခီနှင့် ယူဂျင်းကိုပါ မြင်လိုက်ရသဖြင့် မတွေ့တာ
ကြာနေသော ယူဂျင်းထံ ပြေး၍ ဖက်လိုက်မိသည်။အပေါ်ထပ်မှ ဆင်းလာသော ရစ်ခီသည် ထိုမြင်ကွင်းအားမြင်လိုက်ရသဖြင့် ချောင်းတချက်ဟန့်ကာ
"ဂယူဘင်းက ဘာလို့ဒီရောက်နေတာလဲ"
"အဲ့တာက ငါခေါ်လိုက်တာ လူများတော့ ပိုမကောင်းဘူးလားလို့"
လုပ်ချင်တာလုပ်ပြီးလျှင် အလှဆုံးပြုးနေတတ်သူ
ဆောင်ဟွန်းအကြောင်း နောကျေနေပြီ ဖြစ်သောကြောင့် ယူဂျင်းနှင့် ဖက်နေမှုမပြီးနိုင်သေးသည့်
ထယ်ရယ့်ထံသို့ လျှောက်သွားလိုက်သည်။