Chapter 7

353 41 4
                                    

ခွဲခန်းထဲမှ ပြန်ထွက်လာသော ဆရာဝန်သည်
ယူဂျင်းတို့ထံလျှောက်လာပြီး

"ကင်မ်ထယ်ရယ်ရဲ့ လူနာရှင် ကဘယ်သူများလဲ
မသိဘူး"

"ကျွန်တော်ပါ"

ဆရာဝန်၏ အမေးကို ယူဂျင်းသည် ဝင်ဖြေလိုက်၍

"ကင်မ်ထယ်ရယ်ရဲ့ ‌ဦးနှောက်က သွေးယိုမှု
များထားတယ် ဆေးရုံကိုနောက်ကျမှ ရောက်လာရင် ကိုမာဝင်နိုင်တယ် ကျောရိုးမကြီးကိုလည်း ထိခိုက်
မိသွားတဲ့ပုံပဲ ဒါတောင် သခင်လေးက
ကာပေးလိုက်မိလို့ထင်တယ် ကျောရိုးမကြီးဆိုတော့
လူနာရှင်က စိတ်ခိုင်ခိုင်ထားပေးပါ အခန့်မသင့်ရင်
အောက်ပိုင်းလှုပ်ရှားမှု မလုပ်နိုင်တာမလို့
ကျန်တာတွေက အဆင်ပြေပါတယ် ပြီးရင်
အခန်းထဲရွေ့မယ်နော်"

"ကျေးဇူးတင်ပါတယ် ဆရာရယ်"

ယူဂျင်းအား ထယ်ရယ့် အခြေအနေကို ပြောလို့
အပြီးတွင် ဆရာဝန်သည် ဂယူဘင်း ဘက်လှည့်လာကာ

"သခင်လေးက အသက်စိုးရိမ်မှု မရှိတော့ပါဘူး
မှန်ကွဲစတွေ ဝင်ထားတဲ့ နေရာတွေကို ဖယ်ထားပြီးပါပြီ
ကိုမာဝင်နိုင်တဲ့ အခြေအနေမလို့ သခင်လေးသာ
ပြန်နိုးချင်စိတ်ရှိရင် ၁လနဲ့လည်း ပြန်နိုးချင်
နိုးလာမှာပါ ညာ‌ဘက် လက်မောင်းရိုးကျိုးသွားတယ်
မျက်နှာကို မှန်ကွဲစ တချို့ စိုက်မိသွားလို့ ဖယ်ပြီးပါပြီ
ကျန်တာ အ‌ကုန်စိတ်ချရပါတယ်"

ဆရာဝန်ထွက်သွားချိန်တွင် ယူဂျင်းမှာတော့ ခြေထောက်ရပ်နိုင်ဖို့ အားပင်မရှိတော့၍ ‌ကြမ်းပြင်ထက်သို့ ခွေကျမတတ် ဖြစ်နေသော်လည်း
ဂယူဘင်း၏ ထိန်းကိုင်ပေးထားမှုဖြင့် မတ်တပ်ရပ်
နေရသည်။

ခနအကြာတွင်တော့ ဆေးရုံကောင်တာတွင် စာရင်းသွင်းနေသော ဂျိတ်ခ်လည်း ပြန်ရောက်လာ၍
ဆရာဝန်ပြောသွားသော အခြေအနေအား
အကြမ်းဖျင်း ရှင်းပြထားလိုက်သည်။

"ထယ်ရယ်ကတော့ ကျောရိုးမကြီး ထိထားတဲ့အတွက်
အောက်ပိုင်းသေနိုင်တယ် နောက်ပြီး ရစ်ခီက ကိုမာ
ဝင်နိုင်ချေရှိတယ်တဲ့"

"ပျော်နေရမယ့် နေ့လေးမှာ ဘယ်လိုတွေတောင်
ဖြစ်နေရတာလဲ"

"ဂျိတ်ခ် ဟျောင်းလ် ယူဂျင်းကို တချက်ကြည့်ပေး
ထားမလား ကျွန်တော် ဆောင်ဟွန်းဆီ လိုက်သွားမလို့
ယူဂျင်းကိုလေ အားဆေးသွင်းလို့ ရရင် သွင်းပေးထားလိုက်ပါ"

The Dichotomous KeysWhere stories live. Discover now