{ Recommend Song- To The Bone}ရစ်ခီသည် အိပ်မက်အရှည်ကြီး မက်နေသလို
ခံစားနေရသည်။
ထိုအိပ်မက်ကပင် ရစ်ခီ၏ အလယ်တန်း
ကျောင်းသားဘဝကို သတိရစေသယောင်။အလယ်တန်း နောက်ဆုံးနေ့တွင်
နိုင်ငံခြားမှာ ပြောင်းလာသော ရစ်ခီ့အား
အထက်တန်းမှ စီနီယာများသည် အနိုင်ကျင့်ရန်
လူပြတ်သော လမ်းကြားတခုထဲကို ဆွဲခေါ်သွားခဲ့သည်။အချိန်ကြာအောင် ကန်ကြောက်ခံရပြီး နောက်တွင်
အော်သံတခုကြားလာ၍ အနိုင်ကျင့်တဲ့အဖွဲ့သည်
ရစ်ခီ့ကို ကန်ကြောက်တာတွေ ရပ်သွားပြီး
ထိုသူစိမ်းထံသို့ ပစ်မှတ်ပြောင်းသွားသည်။ဒဏ်ရာများကြောင့် လှုပ်မရသော ရစ်ခီ့ထံသို့
ထိုသူစိမ်းသည် လက်ကမ်း၍"အဆင်ပြေရဲ့လား ဆေးခန်းသွားကြမလား"
"ရတယ် အိမ်ကိုပဲ လိုက်ပို့ပေးပါ"
အိမ်ပြန်လမ်း တစ်လျှောက်တွင် တိတ်ဆိတ်မှုသာ
ကြီးစိုးနေသော်လည်း ထိုသူစိမ်းဘက်မှ စကားစတင်လာသည်။"ဟျောင်းလ် နာမည်က ကင်မ်ထယ်ရယ်လေ
အာ... Sorry အလယ်တန်းတံဆိပ်ကို တွေ့လိုက်တာ
မလို့လေ ဟျောင်းလ်က အထက်တန်းနောက်ဆုံးနှစ်""ရစ်ခီရှန် ရှန်ချွမ်းရွေ့ လို့လည်းခေါ်လို့ရတယ်"
"တရုတ်လူမျိုးလား ဒီကိုတစ်ယောက်တည်း
ကျောင်းလာ တက်တာလား""အင်း"
"အိမ်ကို လွမ်းနေမှာပဲနော်"
"သိပ်မလွမ်းပါဘူး"
"ဟုတ်လား ဟျောင်းလ်တော့လွမ်းတယ် မိဘတွေက Dongnam-gu မှာမလို့ ဆိုးလ်ကနေ အလွယ်
သွားလို့ရပင်မယ့် အချိန်ပိုင်း အလုပ်ရယ်
ကျောင်းရယ်နဲ့မလို့ မသွားနိုင်ဖူးဖြစ်နေတာ""မာမီတို့က သူတို့စီးပွားရေးတွေနဲ့ပဲ အလုပ်ရှုပ်
နေတာမလို့ အဖိုးတို့ရှိတဲ့ ဆိုးလ်ကိုပို့လိုက်တာ
ပစ်ထားခံရတဲ့ ခံစားချက်ကို ထယ်ရယ်နားလည်မှာမဟုတ်ဘူး""ချွမ်းရွေ့လေးက အဲ့လိုမတွေးပဲ မေမေတို့က
အနာဂတ်အတွက် ပိုကြိုးစားနေတယ်လို့ပဲ
စဉ်းစားလိုက် နောက်ပြီး အထီးကျန်ရင်
ရပ်ကွက်ထိပ်က ကစားကွင်းမှာ ဟျောင်းလ်ကို
လာရှာလို့ရတယ် ညနေဘက်ဆို ဟျောင်းလ်တို့ သူငယ်ချင်းတွေစုပြီး ဘောလုံးကန်နေကြလေ"