စာကြည့်ခန်းထဲတွင် အရေးကြီးဖိုင်တွဲရှိ၍
အိမ်ကိုပြန်၍ ယူခိုက်တွင် ထယ်ရယ်နှင့်ပက်ပင်း
တိုးလေသည်။"ပြန်လာပြီလား"
"ဖိုင်တွဲကျန်ခဲ့လို့ ပြန်လာယူတာ ထယ်ရယ်က
ဘာလိုချင်လို့လဲ""မင်းဆီမှာ ဂိမ်းစက်ရှိလား"
"ရှိတယ်လေ ထယ်ရယ်ရဲ့ဘေးအခန်းမှာ
Mini Cinema နဲ့ ဂိမ်းစက်ထားပေးထားတယ်
ထယ်ရယ်ပျင်းနေရင် ဘန်ဂျမင်နဲ့ ဆော့လို့ရတယ်""ဟုတ်ပြီ ဟုတ်ပြီ ဒါနဲ့မင်းကရုံးမှာပဲ အိပ်တော့မှာမဟုတ်ဘူးမလား"
"အိပ်မလို့လေ ထယ်ရယ်အနေခက်မှာ စိုးလို့"
"ရတယ် ငါ့ကိုစိတ်ထဲမထားနဲ့ အိမ်ပဲပြန်အိပ်"
"ထယ်ရယ် တကယ်ပြောတာလား"
"ငါကမင်းကို နောက်စရာလား"
"အဲ့လိုမဟုတ်ဘူးလေ ညနေကျ စောစောပြန်လာ
ခဲ့မယ် ထယ်ရယ်နဲ့ ဂိမ်းတူတူဆော့ဖို့""မင်းသဘောပဲ"
ရေခဲသေတ္တာထဲမှ ရေခဲရည် ပုလင်းကိုကိုင်ကာ
အပေါ်ထပ်သို့ ပြန်တက်သွားသော ထယ်ရယ်မှာ
သေချာပေါက် အကြံအစဉ်ရှိနေသည်။လက်ပြန်ကောင်းဖို့ အတောအတွင်းမှာတော့
ရစ်ခီရှန်ကို အချိုသတ်ထားရမည်။
ဘန်ဂျမင်နဲ့ ပေါင်း၍အိမ်အနေအထားကိုလည်းလေ့လာရဦးမည်။ရစ်ခီသည် အပေါ်သို့ပြန်တက်သွားသော ထယ်ရယ့်
ကျောပြင်ကိုငေးကြည့်ရင်း အိမ်မက်လို့ပဲထင်နေဆဲ။
ဘန်ဂျမင်သည် ပြုံးစစမျက်နှာဘေးဖြင့် ရစ်ခီ့အနားရောက်လာကာ"အမယ် ရစ်ခီရှန်တို့ တယ်ဟုတ်နေပါလား"
"အိမ်မက်နဲ့ တူတယ် ငါ့ပါးကိုရိုက်ကြည့်စမ်းပါ"
"မင်းရိုက်ခိုင်းတာနော် နာမှထမအော်နဲ့"
"ရိုက်မှာဖြင့် ရိုက်စမ်းပါ"
'ဖြောင်း'
အသံသည်ကျယ်လွန်း၍ ကားထဲတွင်
ကျန်နေခဲ့သော သက်တော်စောင့် ဂျောင်ဝန်းကပါ
ပြေးဝင်လာသည်။"ဘာဖြစ်ကြတာလဲ"
ပါးကို ကိုင်ထား၍ နာကျင်နေပုံရသော ရစ်ခီနဲ့
ပါးကိုရိုက်လိုက်ရ၍ ကျေနပ်နေသော ဆောင်းဟွန်းကိုတစ်လှည့် ကြည့်နေသော ဂျောင်ဝန်းကြောင့်