"ပြန်ကြရအောင်မောင်"
"ဟုတ် ဟုတ်ကိုကို"
မောင်ကိုထိုနေရာမှခေါ်လာလိုက်ပြီး နေဝန်းကားမောင်းသူနေရာမှထိုင်ကာမောင်းနေရင်းနှင့်
"မောင် ခုနက တွေ့တဲ့လူက ကိုတည်မြဲစေတဲ့"
မောင်ကဘာမှပြန်မပြောပေမယ့် လက်သီးကိုတင်းကြပ်စွာဆုပ်လိုက်ပါတယ်
"ကိုယ့်ကို DANIEL လာရှုပ်နေလို့ကူညီပေးတဲ့လူမောင်ရဲ့"
"DANIEL ကလား ကိုကို့ကိုဘာပြောသွားတာလဲ ကိုကိုဘာဖြစ်သွားသေးလဲဟင် အဲ့လူ အဲ့လူကကောင်းတဲ့သူမဟုတ်ဘူးကိုကို သူကမောင့်ရဲ့ တစ်ခုတည်းသောပိုင်ဆိုင်မှုဖြစ်တဲ့ကိုကို့ကိုယူသွားနိုင်တယ်"
တခြားလူကိုလူကောင်းမဟုတ်ပါဘူးပြောနေတယ့်မောင်က ကိုယ်တိုင်က Mafia နဲ့ လူသတ်သမားတွေဖြစ်နေတာတော့မေ့နေဟန်။
"မောင် ကိုယ့်ကိုကြည့် မောင်က."
"မောင်တောင်းပန်ပါတယ် အဲ့တုန်းကစိတ်ကမထိန်းနိုင်ဖြစ်သွားတာ မောင်မှားတာပါ မောင်ကကိုကို့ကိုတောင်အော်လိုက်သေးတယ် မောင်မောင်က နောက်တစ်ခါမလုပ်တော့ဘူးနော် ကျွန်တော့ကိုမထားခဲ့နဲ့နော် သဝန်လဲမတို့တော့ဘူးနော်"
"မောင် မင်းငါ့ကိုအော်လိုက်သေးတာလား ငါကသတိတောင်မထားဘူး ငါကပဲမင်းကိုအော်လိုက်မိတာမဟုတ်ဘူးလားမောင်ရ မင်း ကိုယ့်ကိုသဝန်တိုလို့သွားတာသိပါတယ် ရတယ်မောင်မောင်မှာသဝန်တိုပိုင်ခွင့်အပြည့်အဝရှိတယ်။ ထိန်းချုပ်ထားစရာလဲမလို့ မောင့်ကိုကိုယ်ကလိုက်ရှင်းပြပေးမယ်။
နောက်တစ်ခါဖြစ်လာခဲ့သည်ရှိသော်
ဖြစ်လာလိမ့်မယ်ပြောတာမဟုတ်ဘူးနော်မောင် အဲ့အခါကျရင် မောင်ကိုယ့်ကို စိတ်ကောက်လို့ရတယ် စိတ်ဆိုးလို့ရတယ် ကိုကိုကကိုကို့ကလေးလေးကို စိတ်ဆိုးမပြေမချင်းချော့မှာ အဲ့တာကြောင့်စိတ်ကိုအတတ်နိုင်ဆုံးထိန်းပြီးကိုကို့ကိုပဲကြည့်လေနော် ကိုကို့ကိုယုံတယ်မလား" နှဖူးလေးကိုနမ်းကာပြောလိုက်တော့။
YOU ARE READING
I'm yours (or) မောင့်ပိုင်သူ (Completed)
General Fictionမွေးထဲကမိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ကောင်လေး မွေးစားမိဘတွေရဲ့အနိုင်ကျင့်ရက်စက်မှုကိုခံရတဲ့ကောင်လေးနဲ့ လူတိုင်းရဲ့အချစ်ခံသဲသဲလှုပ်အချစ်ခံရတဲ့ကောင်လေးနဲ့ဘယ်လိုတွေချစ်မိသွားမလဲ ⚠️စိတ်ကူးယဥ်ရေးထားတာဖြစ်လို့ ယုတ္တိမဆန်တာတွေပါပါတယ်⚠️ ⚠️ရိ...