"ဟိုအဖိုးကြီးနဲ့ဆွေးနွေးမယ့်ကိစ္စဒီနေ့သွားကြတာပေါ့"
"ဟုတ်ကဲ့Boss အကုန်လုံးပြင်ဆင်ပြီးပါပြီ"
"အင်းထွက်ကြမယ်"
ကားတန်းအရှည်ကြီးဟာမတင်ထွက်ခွာတော့သည်
တစ်ဖက်မှာလဲ
"ထွက်ကြမယ် နောက်ကနေပဲဝင်စီးကြတာပေါ့"
"ကိုကို မောင်နဲ့ပဲအတူတူသွားနော်"
"အင်းပါမောင် မောင်နားပဲကပ်နေမယ်နော် ဟီး ကြယ်ရောင် ခုကဘယ်လိုလာမယ်မှန်းမသိတော့ မင်းကတော့နေခဲ့လိုက် တစ်ခုခုမှားသွားရင် မင်းကအပြင်မှာရပ်တည်လို့ရတယ် ဂိုဏ်းနာမည်လဲမခံထားတော့"
"ငါလိုက်ခဲ့မှာ နေဝန်း ငါမင်းကိုအရင်နေ့တွေထဲကပြောခဲ့သားပဲ ခုကိစ္စကဂိုဏ်း၂ ခုထဲတိုက်ရမှာမဟုတ်ဘူး ရဲတွေပါပါမှာ"
ကြယ်ရောင်က ခုသူတို့အစီအစဥ်မှာရဲတွေပါပါလာလိမ့်မယ်လို့ပြောပြထားပါတယ်
"အဲ့တာကြောင့်ပဲမလိုက်စေချင်တာလေ"
"ငါလိုက်မှာပဲနေဝန်း"
"ပြီးရောကွာ ဘာအန္တရာယ်မှမဖြစ်စေကဘူးလို့တော့ကတိပေး"
"အင်း"
"အဲ့တာဆိုထွက်ကျတာပေါ့ ပုံမှန်အစီအစဥ်အတိုင်းပဲလုပ်မယ် ဦးနောင်ဒီတစ်ခါတော့ကျွန်တော်ပဲခေါင်းဆောင်အနေနဲ့ဦးဆောင်မယ်"
"မလုပ်နဲ့အငယ်လေး ဦးနောင်ပဲဦးဆောင်မယ် အစိုးရတွေဘက်က ငယ်လေးကသာခေါင်းဆောင်မှန်းသိသွားရင် ဦးနောင်တို့လုပ်ခဲ့တာတွေအလကားဖြစ်သွားလိမ့်မယ်"
"ဒါပေမယ့်ဦးနောင် ခေါင်းဆောင်တွေမရှိတဲ့ချိန် EVIL ဘက်ကိုဝင်သိမ်းရအုံးမှာဦးနောင် အဲ့လက်ကိုပဲဦးဆောင်ပါ ဒါကတောင်းဆိုတာမဟုတ်ဘူး အမိန့်ပေးနေတာ ခုဒီဘက်ကကိုရှိုင်းဦးဆောင်လိမ့်မယ် အမိန့်နာခံပါဦးနောင်"
"ဟုတ်ကဲ့ပါခေါင်းဆောင်ဟိုဘက်ကိုနိုင်တာနဲ့ချက်ချင်းလာကူပါ့မယ်"
CZYTASZ
I'm yours (or) မောင့်ပိုင်သူ (Completed)
General Fictionမွေးထဲကမိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ကောင်လေး မွေးစားမိဘတွေရဲ့အနိုင်ကျင့်ရက်စက်မှုကိုခံရတဲ့ကောင်လေးနဲ့ လူတိုင်းရဲ့အချစ်ခံသဲသဲလှုပ်အချစ်ခံရတဲ့ကောင်လေးနဲ့ဘယ်လိုတွေချစ်မိသွားမလဲ ⚠️စိတ်ကူးယဥ်ရေးထားတာဖြစ်လို့ ယုတ္တိမဆန်တာတွေပါပါတယ်⚠️ ⚠️ရိ...