Part 37

959 37 0
                                    

ကြမ္မာမနက် ၆ နာရီ​လောက်ထဲကထကာကိုကိုစားဖို့မနက်စာပြင်တင်စရာရှိတာပြင်ဆင်ပြီး အလုပ်သွားဖို့လုပ်​နေရသည်။ ​နေ့လည်စာကို​တော့ကိုကိုကမှာစားရတာကိုသ​ဘောကျသည်။ ကိုကိုက​တော့အိပ်​နေတုန်းမို့မနိုးမိ အိပ်​နေတဲ့ပုံလေးကြည့်​ရင်းနှင့်ပင် အသည်းတယားယားနှင့်နမ်းမိတာလဲအခါခါ။ ပုံမှန်တိုင်းဆို ၉ နာရီ​လောက်မှ သွား​ပေမယ့် ဒီ​နေ့အထူးရှယ်ယာရှင်အစည်းအ​ဝေးတစ်ခုရှိသည်မို့​စောသွားလိုက်သည်။

ကိုကို့ကိုညက​​စော​စောသွားရမယ့်အ​ကြောင့်ကြို​ပြောပြီးသားမို့

"Morning ပါ ​မောင့်အသက်ထက်ချစ်ရတဲ့​မောင့်ပိုင်သူ​လေး"

အလုပ်ကို​ရောက်​တော့ ၇ နာရီပင်ထိုး​နေပြီမို့ အစည်း​ဝေးခန်းထဲပဲ တိုက်ရိုက်ဝင်လိုက်တယ်။ ဘယ်​လောက်အ​ရေးကြီးတဲ့အစည်းအ​ဝေးဖြစ်ပါ​စေ ကိုကို​ဖုန်း​ခေါ်ရင်မသိလိုက်မှာစိုး၍စက်ပိတ်မထားပါ။

​​နေဝန်းနိုးလာ​တော့ ​​မောင်ကိုစမ်းကြည့်မိ​ပေမယ့်မရှိ​။ ​နောက်မှ​မောင်ညက​ပြောခဲ့တာကိုပြန်သတိရပြီး လက်ကိုယုတ်ကာထလိုက်သည်။
အာသိပြီ​မောင့်ကို Suprise သွားလုပ်ရမယ် ဟီး

စဥ်းစားမိပြီး ဖုန်းကို​ကောက်ကိုင်လိုက်ကာ
နံပါတ်တစ်ခုကိုရိုက်ကာ​ခေါ်လိုက်သည်

"Hello ​မေ​မေ့ သား​ယောက်ျားကိုထမင်းချိုင့်သွားပို့မလို့ အဲ့တာ ကြက်သားဟင်း​ကဘယ်လိုချကိတာလဲဟင်"

"ဘယ်လိုချက်ရမှာတုန်း ကြက်သားကိုတုံးလိုက်ပြီးရင် ကြက်သွန်၊ဆား၊ အချိုမှုန့် ရှိတာအစုံထည့် ပြီးရင်​ရေထည့်၊ မီဖွင့်ပြီးအုပ်ထားလိုက် ​သူ့ဟာသူကျက်သွား​ရော လွယ်လွယ်​လေးကို"

"အဲ့လိုဆို​ကောင့်ပါ့မလား​မေ​မေ့"

"​ကောင်းပါ့ နင်​ဖေကြီးဆို ငါအဲ့လိုချက်​ကျွေးတဲ့​နေ့တိုင်း ​​​ကောင်းလွန်းလို့သူချည့်ပဲအကုန်စားပစ်တာ"

"ပြီး​ရော​မေ​မေ့ ​​ကျေးဇူးပဲ သားစချက်လိုက်​တော့မယ်ဒါပဲ​နော်​မေ​မေ့"

"​အေး​အေး"

ကဲလုပ်ငန်းစမယ် ကြက်သားကိုတုံး အမ်း ရပြီပြီးရင်ကြက်သွန်နီကိုပစ်ထည့် ဟမ်​နေပါအုံ အခွံခွာရမှာလား မခွာရဘူးလား ​မောင်ချက်တုန်းက​တော့မခွာဘူးထင်တယ် ကျက်သွားရင်​ပျော့သွားမှာပဲကိုဒီတိုင်ပဲထည့်လိုက်မယ် ထိပ်က​လေး​တွေ​တော့ဖယ်လိုက်မယ်။ ဆား၊ အချိုမှုန့် ဘယ်ဟာကဆားလဲ ငန်တာ ငန်တာ အမယ်​လေး​ငန်တာ ​သေချာတယ်ဒါဆား အချိုမှုန့် အွန်းဒါ​လေးချိုတယ် ချိုချို​လေးစားရ​အောင်များများ​လေးထည့်လိုက်မယ်။​ရေထည့် ​နောက်ပြီးဘာရှိ​သေးလဲ ဒီမှာချဥ်​ပေါင်​တွေရှိ​သေးတာပဲဟဲဟဲ ချဥ်ချဥ်​ဘေးဖြစ်​အောင် ပစ်ထည့်လိုက်မယ် မီးဖွင့် ရပြီ  ၁၀ နာရီ​​ကျော်ကွက်တိပဲသူ့ကျက်တာနဲ့

I'm yours​ (or) မောင့်ပိုင်သူ (Completed)Where stories live. Discover now