Part 14

2K 66 0
                                    

သူတို့​လေးယောက်လုံးရဲဤ အဲ့ချိန်ကအသက်​တွေက​တော့
ကြယ်​ရောင်ခ - ၉ နှစ်
လျှံ​သွေးသစ် - ၈ နှစ်ခွဲ
ဟန်မြတ်သွင် - ၈ နှစ်
​နေဝန်းတည် - ၇ နှစ်

လျှံက​တော့ လမ်း​ဘေးအခုလို​ရောက်​နေတာထက်စာရင် ​တော်​သေးပါတယ်ဆိုတဲ့အ​တွေးနဲ့လက်ခံလိုက်တာဖြစ်​ပေမယ့်...

​နေဝန်းနဲ့​နေတာ ၃ နှစ်ပြည့်သွားတဲ့အထိသူတို့မှာအရင်ကဒဏ်ရာများသာရှိခဲ့တဲ့အတိတ်က​နေ ​ပျော်စရာ​တွေရှိ​နေတဲ့အတိတ်ဆစ်ခုအဖြစ်နဲ့တည်ရှိလာ​​တော့တယ် သူတို့ကိုတကယ့်ညီအကိုအရင်းလိုပင်ဆက်ဆံတယ်

​နေဝန်းတည်ကလဲ ​ပြောတဲ့အတိုင်းတကယ်ပင်သူတို့ကိုကာကွယ်​ပေးခဲ့ပါတယ် ​ကျောင်းလဲ ပြန်တတ်ခိုင်းခဲ့ပြီ ဘယ်သူမှမထိရဲတဲ့သခင်​လေး​တွေလို အခွင့်ထူးခံလူတန်းစားထိပင်​ရောက်ရှိခဲ့တယ်

အဲ့ထဲက ကျွန်​​တော်တို့တစ်ခုကို​သေချာစွာဆုံးဖြတ်ထားတာက ​နေဝန်းတည်ကိုကာကွယ်​ပေးဖို့ပဲ ကျွန်​တောတို့အသက်နဲ့ရင်းရမယ်ဆိုရင်​တောင် ​နေဝန်းကိုမထိခိုက်​အောင်ကာကွယ်​ပေးမယ်ဆိုတာပဲစိတ်ထဲရှိ​တော့တယ်

​နေဝန်းအသက် ၁၄ နှစ်အရွယ်မှာ LIGHT ဂိုဏ်းကိုစ​ထောင်ခဲ့​ပေမယ့်သူတို့ ၃ ​ယောက်လုံးဝမသိခဲ့ရဘူး ၆ လ​လောက်ကြာမှ

​​ကျောင်းမှာအနိုင်ကျင့်လေ့ရှိတဲ့​ကောင်​တွေအဖွဲ့က သူတို့ဆီကို​ရောက်လာခဲ့တယ် ​နေဝန်းတည်
မုန့်ဝယ်ထွက်သွားတဲ့အချိန်မှာ

"​ဟေ့​ကောင်မင်းတို့ ​ကျောင်း​ခေါင်မိုး​ပေါ်လိုက်ခဲ့ မင်းတို့နဲ့စာရင်းရှင်းစရာရှိတယ်"

ကြယ်​ရောင် - "ဘာစာရင်းလဲ မင်းတို့နဲ့ငါဘာပြသနာမှတတ်ထားတာမရှိဘူး​နော်"

"မင်းတို့လိုက်ခဲ့လိုက်​လေ"

​ကျောင်း​ခေါင်မိုး​ပေါ်​ရောက်​တော့

"​ခွေးသူ​တောင်းစား​တွေ မင်းတို့ရဲ့လူ တစ်​နေ့ကငါ့ကိုလုပ်ခဲ့တာ​တွေအတွက်မင်းတို့​ပေးဆပ်ရမယ် ဂိုဏ်း​တွေဘာ​တွေနဲ့​စောက်ကြီး​စောက်ကျယ် ငါတို့ခိုင်းဖတ်​တွေကို​ပါခေါ်သွား​သေးတယ်​ပေါ့"

I'm yours​ (or) မောင့်ပိုင်သူ (Completed)Donde viven las historias. Descúbrelo ahora