Part 12

2.1K 84 0
                                    

လွန်ခဲ့​သော ၄ နှစ်

Dead တစ်ယောက်​ထောင်ပြင်ပက တာဝန်​တွေပါလုပ်​ဆောင်​နေရပြီဖြစ်တဲ့အချိန်ပါ
​ထောင်ထဲကထွက်ပြီး Mission လုပ်ရတာတတိယအကြိမ်ဖြစ်​ပေမယ့် အရင်တုန်းကလဲ ဘိုး​တော်တို့နဲ့​နေတဲ့အချိန်တုန်းကလဲ ဘယ်မှမထွက်ရတာရယ်​ကြောင့် ရန်ကုန်လမ်းတွေကိုမကျွမ်းပါ

ဂိုဏ်းတစ်ခုကိုရှင်းပြီးအပြန်မှာ အဖွဲ့နဲ့ခွဲပြန်ရင်း အ​နောက်က​ခွေး ၂ ​ကောင်​လိုက်​နေတာ​ကြောင့် ​လူပြတ်တဲ့​နေရာမြှား​ခေါ်သွားပြီးသတ်​ပေးလိုက်ရပါတယ် ဓါးနည်းနည်းရှသွားခဲ့​ပေမယ့် ဒီ​လောက်က​တော့ Dead အတွက်အ​သေးအမွှားပါ

ပြန်ရမယ့်အချိန်​ရောက်​တော့ လမ်းမှားသွားကာ ည​နေ ၅နာရီကိုပင်​ရောက်​နေပြီဖြစ်သည်

ထို့​ကြောင့် လမ်းဘေးပလက်​ဖောင်းတွင်သာ ဓါးဒဏ်ရာအားဖိရင်းနဲ့ ခနနား​နေလိုက်​တော့တယ်

ထိုချိန်

ဟန်မြတ်ကစကား စ ကာ
"​နေဝန်းတည်ငါ​သိချင်လို့ပါမင်းကဘာလို့​ဆေးလိုင်းကို​လျောက်တာလဲ"

"မင်းကလဲကွာဘာလို့ရမှာလဲ လူသတ်ပြီးလို့ကလီစာ​တွေထုတ်တဲ့အခါကျရင် ​ဆေးပညာတတ်ထား​တော့ သပ်သပ်ရပ်ရပ်ထုတ်​လို့ရတယ်​လေ အဲ့​တော့စျေးပိုရတာ​ပေါ့"

"​အော် ​သောက်ကျိုးနဲဆရာဝန်ကြီး"

"ဟာ မင်းတို့သုံး​ယောက်ကလဲ ​နှေးလိုက်တာ လာမြန်မြန် ဟိုက Disscount ချတုန်း​လေး သွားစားမလို့ပါဆို"

"ဟာ မင်းခုန​လေးတင်မှ ကိုရီယား​ခေါက်ဆွဲ​တွေ ​ရော ထမင်းတွေ​ရောစားလာတာ​လေ "

"​အေး​လေကွာ" လျှံနဲ့ ဟန်မြတ်တို့စီမှ ငြီးသံကိုဂရုမစိုက်ပဲ

"မင်းတို့ကလဲငါစားချင်လို့ပါဆို ​ရှေ့နားဆို​ရောက်ပြီ လာပါကွာ

ဟမ် က​လေး​လေးတစ်​ယောက် ဒီချိန်ကြီး ဘာထိုင်လုပ်​နေတာတုန်းဟ ဟန်မြတ်ဒီမှာခန​နေအုံး ငါ​သွား​မေးကြည့်လိုက်အုံးမယ် လူ​တွေအများကြီးအုံသွားရင်​ကြောက်​နေအုံးမယ်"

"​အေး​အေး" ကြယ်​​ရောင်တို့ကို​ပြောပြီးသည်နှင့် က​လေး​လေးစီသွားလိုက်ကာစကားစလိုက်​​လေသည်

I'm yours​ (or) မောင့်ပိုင်သူ (Completed)Tempat cerita menjadi hidup. Temukan sekarang