"ဦးရှိန်လင်းထက်နဲ့ ဒေါ်ယဥ်လှနုတို့အားသတ်ဖြတ်ခဲ့သည်ဟူသောစွဲချက်ဖြင့် ရုံးတော် သို့ရောက်ရှိနေသောတရားခံအား တရားစစ်ဆေးမှုစတင်မည်"
"တရားခံ ဘာကြောင့် ဦးရှိန်လင်းထက် နဲ့ ဒေါ်ယဥ်လှနုတို့ကိုသတ်ရတာလဲပြောပြပေးပါ"
"..."
"တရားခံ ခင်ဗျာ"
ကလေးငယ်ကဘာမှမပြောပေ တိတ်ဆိတ်၍သာနေသည်
"တရားခံကတိတ်ဆိတ်နေသည့်အတွက် တရားသူကြီးခဗျာ သက်သေများတင်ပြခွင့်ပြုပါ "
"ခွင့်ပြုတယ်"
"ဒါကတော့ တရားခံအသုံးပြုခဲ့တဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်"
ဟုဆိုကာညကလေးငယ်အသုံးပြုခဲ့သောလက်နက်တို့အားတရားခွင်တွင်ချပြပါလေသည်
တဖက်ရှေ့နေကတော့ ပစ္စည်းတွေကိုဘယ်နေရာမှာဘယ်လိုဘယ်ပုံစံသတ်ဖို့အသုံးပြုတာလဲရှင်းပြနေချိန် ကလေးငယ်က ပြုံးပြုံးလေး အရသာခံကာနားထောင်နေသည်
သက်သေများအကုန်ချပြ၍အပြီး ကလေးငယ်အား
တရားခံရှေ့နေမှ "ရှေ့နေကြီးပြောသလို မှန်ပါတယ် ဒါပေမယ့် တရားခံမှာ အသက် ၁၂ သာရှိသေးတဲ့ ကလေးတစ်ယောက်ဖြစ်တဲ့အတွက် လျော့ပေါ့ပေးပါရန်တောင်းဆိုပါတယ်"
ထိုအခါတရားသူကြီးက
"အမိန့်ချမယ် ပြစ်မှုမှာထင်ရှားသဖြင့် လူသတ်မှုရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁) အရ ထောက်ဒဏ် (၈) နှစ် ကလေးငယ်အခွင့်အရေးအရ လျော့ပေါ့ပစ်ဒဏ် (၆) နှစ် အလုပ်ကြမ်းနဲ့ လူငယ်ပြူပြင်မွန်းမံရေးသင်တန်းတွင်ပါ တတ်ရောက်ရန်အမိန့်ချမှတ်လိုက်သည်"
#အပြင်မှာတော့အဲ့လိုသွားသတ်ရင် သေဒဏ်ပါချလိုရတယ်နော် ဒီထဲကလို ၆ နှစ်ပဲကျမှာဆိုပြီးလက်တည့်သွားမစမ်းကြနဲ့အုံး ဥပဒေပုဒ်မကတော့မှန်တယ် အနောက်ကပြုပြင်မွန်မံသင်တန်းကစိတ်ကူးယဥ်လျှောက်ထည့်ထားတာ အ့လာပြောတာ အဲ့လိုထောင်ကလဲအပြင်မှာရှိချင်မှရှိမှာနော် အပြင်မှာတော့ ၁၈ နှစ်ပြည့်မှ ထောင်ထဲထည့်တာ မပြည့်ရင် ကလေးထောင် ခေါ် လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းကိုပို့ကြတယ်နော်#
KAMU SEDANG MEMBACA
I'm yours (or) မောင့်ပိုင်သူ (Completed)
Fiksi Umumမွေးထဲကမိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ကောင်လေး မွေးစားမိဘတွေရဲ့အနိုင်ကျင့်ရက်စက်မှုကိုခံရတဲ့ကောင်လေးနဲ့ လူတိုင်းရဲ့အချစ်ခံသဲသဲလှုပ်အချစ်ခံရတဲ့ကောင်လေးနဲ့ဘယ်လိုတွေချစ်မိသွားမလဲ ⚠️စိတ်ကူးယဥ်ရေးထားတာဖြစ်လို့ ယုတ္တိမဆန်တာတွေပါပါတယ်⚠️ ⚠️ရိ...