ဒေါက်ဒေါက်ဒေါက်
"ခေါင်းဆောင်လာပို့ခိုင်းထားလို့ ပစ္စည်းလာပို့တာပါခင်ဗျ"
"အင်း အကိုယူထားလိုက်မယ်"
"ဟုတ်ကဲ့ ခွင့်ပြုပါအုံးဗျ"
ပစ္စည်းတွေယူပြီးအထဲမှနေရာအရင်ချလိုက်တယ်
နေရာချနေရင်း အကို့လွယ်အိတ်ထဲမှဒိုင်ယာရီစာအုပ်လေးနဲ့ အကို့ဖုန်းကိုတွေလိုက်သည်
သူများရဲ့ Diary ကိုမဖတ်သင့်မှန်းသိပေမယ့်
သူကိုယ်တိုင်လဲအကို့အကြောင်းကို ပိုသိချင်နေတာကြောင့်ဖတ်လိုက်မိသည်Diary ထဲတွင်
အမေအိမ်ထောင်ပြုလိုက်တယ်။
အဲ့လူကတကယ်ကိုဆိုးတယ် ငါ့အမေကိုရောငါ့ကိုရောအမြဲလိုလိုရိုက်နေတာ ငါတကယ်အဲ့လူကိုမုန်းတယ် အမေကလဲဘယ်လောက်ရိုက်ခံရရ မတိုင်ဘူးကြည့်ရတာအကိုက ၁၀တန်းနှစ်ထိသူ့ပထွေးရိုက်နှက်တာခံရတဲ့ပုံပဲ
ဒီနေ့လဲ အမေ့ကိုရောငါ့ကိုရောရိုက်တယ် အမေ့ကိုမရိုက်ဖို့တားရင်းနဲ့ ငါကအတွန်းခံလိုက်ရရင်းခေါင်းပေါက်သွားတယ် တွန်းတဲ့သူကအမေဖြစ်နေတာတော့အံ့သြမိတယ် မုန်းလိုက်တာ အကုန်လုံးကို ဒါပေမယ့်အမေပဲငါ့မှာရှိတာဆိုတော့...
မောက်ရက်ကျောင်းကပြန်လာတော့အမေကသွေးအိုင်ထဲလဲနေတယ် ဟိုဘိုးတော်လုပ်တာပါပဲ ငါ့ကိုလဲရိုက်ဖို့လာတဲ့ချိန် ဒေါသထွက်နေတာရယ် သွေးပူနေတာရယ်ကြောင့်ဓါးနဲ့ထိုးလိုက်လို့အဲ့ဘိုးတော်သေပြီး ထောင် ၈ နှစ်ကျတယ်......
ဒီနေ့လိုင်းကားစီးရင်းကောင်လေးတစ်ယောက်ကိုတွေ့ခဲ့တယ် ညီ့မြင်မြင်ချင်းငါ့ရင်တွေခုန်နေတာ တကယ်ကိုတားလို့မရအောင်ပဲ
မထင်ထားရဲပေမယ့် ညီလဲ မြေအောက်ဂိုဏ်းတွေနဲ့ဆက်စပ်နေတယ်ထင်ပါတယ်
ငါတကယ်ကာကွယ်ပေးချင်တယ် ဒီအန္တရယ်များတဲ့အလုပ်တွေလုပ်နေတာဆိုရင်တော့ ငါညီ့ကိုကာကွယ်ပေးမယ် အဲ့တာကြောင့်ပဲငါညီအိမ်ပြန်လိုက်ပို့တဲ့လမ်းမှာ ရည်းစားစကားပြောခဲ့မိတယ် ညီကတော့မယုံတဲ့ပုံပါပဲ ဖြစ်သင့်ပါတယ်လေ အကိုတကယ်ချစ်တာကိုညီယုံအောင်သက်သေပြပေးပါ့မယ် မကို့ဘဝမှာ တွယ်တာရာတစ်ခုကအခုညီဆိုတဲ့ကောင်လေးနဲ့မှဖြစ်တည်လာရတာ
YOU ARE READING
I'm yours (or) မောင့်ပိုင်သူ (Completed)
General Fictionမွေးထဲကမိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ကောင်လေး မွေးစားမိဘတွေရဲ့အနိုင်ကျင့်ရက်စက်မှုကိုခံရတဲ့ကောင်လေးနဲ့ လူတိုင်းရဲ့အချစ်ခံသဲသဲလှုပ်အချစ်ခံရတဲ့ကောင်လေးနဲ့ဘယ်လိုတွေချစ်မိသွားမလဲ ⚠️စိတ်ကူးယဥ်ရေးထားတာဖြစ်လို့ ယုတ္တိမဆန်တာတွေပါပါတယ်⚠️ ⚠️ရိ...