6

390 34 17
                                    

2years later;

ဘေးကနေတဂွမ်ဂွမ်မြည်နေတဲ့ဖုန်းသံကြောင့်ဂယူဗင်းကိုင်လိုက်ပေမဲ့သူ့ဖုန်းမဟုတ်နေ။ဘေးကကောင်လေးရဲ့ဖုန်းဖြစ်သည်မို့အဝတ်ဗလာနဲ့ရင်အုပ်ကျယ်ကျယ်အားလက်နဲ့ရိုက်လို့နှိုးရသည်။

''ဘာလဲ အချစ်ရာ အိပ်နေတာကို ''

''မင်းဖုန်းလာနေတယ် ''

''အာ ဟုတ်လား''

အိပ်ချင်မူးတူးနဲ့ဖုန်းထပြောနေတဲ့ကောင်ကြောင့်ဂယူဗင်းစောင်ထဲပြန်ဝင်ပြီးကွေးအိပ်ရန်ပြင်လိုက်သည်။ဘာတွေအရေးကြီးနေလည်းတော့မသိအခန်းပြင်ထိထွက်ပြီးဖုန်းပြောနေသည်။တစ်ခါတစ်ခါကျယ်လာတဲ့အသံကြောင့်ဒေါသထွက်နေမှန်းသိသာနေသည်။သူနဲ့လက်ထပ်ထားတဲ့ယူဂျင်းမရှိတာတစ်ခုတည်းနဲ့တင်အဲ့ကောင်ကသူ့အိမ်သူယာလိုမျိုးဂယူဗင်းနဲ့အတူလာအိပ်နေတော့တာဘဲ။အလကားမာဖီးယားကောင်။

''အချစ် မောနင်းတစ်ခေါက်လောက်...''

''ဟေ့ကောင် ငါမိုးလင်းခါနီးမှအိပ်ရတာကိုမကျေနပ်သေးဘူးလား!!''

စောင်အောက်ထဲလက်လျှိုလာကာသူ့အားထိတွေ့လာတဲ့လက်ဖဝါးကျယ်ကျယ်ကြောင့်ဂယူဗင်းတစ်ချက်ဖြတ်ရိုက်လိုက်ရင်းအော်ရတော့သည်။စောက်နှာဘူးကောင် ပတ်ဂွန်းဝု ။တစ်ညလုံးလည်းသူ့မှာမအိပ်ရ။အဲ့တာကိုမနက်ခင်းမှာဂယူဗင်းကိုလိုချင်သေးတယ်။သူမခံရတိုင်း။ချွမ်နဲ့ဆိုရင်ဦးဆောင်သူသာဖြစ်ခဲ့တဲ့သူ့မှာဒီမာဖီးယားကောင်နဲ့တွေ့ရင်အလိိုလိုလိုက်လျောသူဖြစ်ရ၏။အားချင်းမှမမျှဘဲ။

''စတာ စတာ မောင်ကချစ်လို့စတာ''

ပြောင်စပ်စပ်လုပ်နေတဲ့ကောင်ရဲ့နှုတ်ခမ်းကိုဂယူဗင်းဖွဖွတစ်ချက်နမ်းလိုက်တော့အားပြင်းပြင်းနဲ့သူ့ကိုပြန်နမ်းရှိုက်လာသည်။အဲ့တာကြောင့်အလိုလိုက်လို့မရတာ။သူအလုပ်သင်ကာလတုန်းကဒီကောင်လေးနဲ့အပေးအယူတစ်ခုလုပ်ခဲ့သည်။အလုပ်သင်မို့စီနီယာတွေကသိပ်ကိုမှခိုင်းချင်ကြသည်။ခွင့်ယူဖို့မလွယ်သည့်အနေအထားမှာဒီကောင်ကြောင့်သူ့မှာအိပ်ရာထဲကမထနိုင်လို့ခွင့်ယူလိုက်ရသည့်နေ့ရက်တွေရှိခဲ့သည်။အင်း နေ့ရက်တွေ ဒီမာဖီးယားကောင်ရဲ့အားကတော်ရုံမဟုတ်ဘူး။သူအိပ်ရာထဲကမထနိုင်တာတစ်ခါ နှစ်ခါမကဘူး။

If Only Where stories live. Discover now