7

369 37 6
                                    

2years later;

ခြံဝင်းကျယ်ကျယ်ထဲကနှစ်ထပ်တိုက်အိမ်ကလေးဟာချစ်စဖွယ်တည်ရှိနေ၏။လေအဝှေ့မှာလိုက်ကာစအပြာရောင်နုနုလေးတွေကလည်းလွင့်ခနဲရှိနေ၏။အိမ်အတွင်းထဲမှာတိုးတိုးကလေးပျံ့လွင့်နေတဲ့သီချင်းသံလေးကလွဲပြီးဘာသံမှမကြားရအောင်ငြိမ်ဆိတ်နေလေသည်။

ကုတင်ပေါ်မှာကန့်လန့်ဖြတ်လှဲရင်းကောင်လေးတစ်ယောက်လှဲနေ၏။ဆံပင်အမဲရောင်အုပ်အုပ်လေးတွေနဲ့ပါးဖောင်းဖောင်းလေးတွေနဲ့ကောင်လေးဟာချစ်စဖွယ်အတိ။ခြံထဲဝင်လာတဲ့ကားသံကြားတာနဲ့ထိုကောင်လေးကအလျင်အမြန်အိမ်အောက်ကိုဆင်း​ပြေးတော့သည်။ဖြူဖွေးနေတဲ့ကောင်ငယ်လေးရဲ့ခြေထောက်ဖွေးဖွေးမှာတော့အကျဥ်းတန်လှတဲ့သံကြိုးရှည်တစ်ခုကရှိနေ၏။ကားပေါ်ကဆင်းလာတဲ့လူကိုမြင်လိုက်တာနဲ့ကောင်လေးကပြုံးသည်။ပြီးမှ...

''ဟျောင်း!''

''အင်း ချွမ်ရွေ့ အသားတွေယားနေသေးလား ''

''မယားတော့ဘူး ဟျောင်း ''

''အင်း ပါးကယောင်နေသေးတာဘဲ ဖောင်းနေသေးတယ် ''

''ဟုတ်ပ''

ချွမ်ရွေ့ ဆရာဝန်လေးရှီဂျွန်းနဲ့အတူအိမ်ထဲဝင်လာလိုက်သည်။ချွမ်ရွေ့ခြေလှမ်းကိုပိစိလေးသာလှမ်းရသည်။ခြေထောက်ကသံကြိုးကလည်းလမ်းလျှောက်ရအဆင်မပြေသလိုရှီဂျွန်းဟျောင်းအရပ်ကလည်းအတော်ပုသည်။သူသာခြေလှမ်းကျယ်ကျယ်လှမ်းရင်ဟျောင်းကအနောက်မှာကျန်ခဲ့တော့မှာ။

''တော်သေးတာပေါ့ သိတာမြန်လို့ မဟုတ်ရင်အသက်အန္တာရယ်စိုးရိန်ရတယ် ''

တတွတ်တွတ်ရွတ်ကာချွမ်ရွေ့အားစိတ်ပူနေတဲ့ရှီဂျွန်းဟျောင်းကအဖိုးအိုပေါက်စလေးလို။သူ့ထက်နှစ်နှစ်လောက်ကြီးတာကိုနှစ်နှစ်ဆယ်လောက်ကြီးသလိုဘဲ။ချွမ်ရွေ့ပါးတွေဖောင်းနေရတဲ့အဓိကတရားခံကတော့ကိုကိုသူ့အတွက်ဝယ်လာပေးတဲ့ ဘလက်ဘယ်ရီ တွေဘဲ။အဲ့တာတွေကသူနဲ့မတည့်မှန်းမသိဘူးလေ။သူကလည်းကိုကိုဝယ်လာတာဆိုပြီးအပျော်လွန်ပြီးစားမိသွားတာ။ အလက်ဂျစ်တွေဖြစ်ကုန်ရော။အဲ့တာနဲ့ချွမ်ရွေ့ပါးကလေးနှစ်ဖက်ကယောင်ပြီးဖောင်းနေ၏။

If Only Where stories live. Discover now