9

372 36 14
                                    

''ဘေဘီ ကိုကိုနောက်နှစ်ရက်နေရင်အလုပ်ကိစ္စခရီးသွားရမယ်''

''မသွားလို့မရဘူးလား မင်ဂျွန်းဟျောင်းကိုသွားခိုင်းလိုက်လေ''

''မရလို့ဘေဘီရဲ့ ဟိုဘက်လုပ်ငန်းရှင်က ကိုကိုနဲ့တွေ့မှစာချုပ်ချုပ်မယ်ဆိုပြီးရစ်နေလို့''

''မိန်းကလေးမဟုတ်လား''

နှုတ်ခမ်းစူကာဂျီဝွန်းရဲ့ကျောကိုတဗုန်းဗုန်းနဲ့ထုလာပါသောချွမ်ရွေ့သည်အကြောက်အလန့်မရှိ။ဗီဒိုထဲထည့်ပိတ်မိတဲ့ကိစ္စမှာဂျီဝွန်းဘက်ကအလွန်ကြီးသာမို့သူ့မှာအလိုလိုက်ပေးမိတာအခုဆိုဆိုးလွန်းလို့ဘယ်လိုပြန်ထိန်းရမှန်းကိုမသိတော့ဘူး။အရင်လိုကြောက်အောင်နှိပ်စက်ဖို့ရာလည်းဂျီဝွန်းရဲ့စိတ်ကလက်မခံ။

''ဟုတ်တယ်မလား မိန်းကလေးမို့လို့ငြိမ်နေတာမလား''

''ဟာ မငိုနဲ့ တိတ် ယောကျာ်းလေးပါ ဘေဘီရာ ''

ဂျီဝွန်းအတွေးလွန်နေတဲ့တစ်ခဏမှာသူ့ထက်အဆတစ်ရာလောက်ပိုပြီးအတွေးလွန်နေတဲ့ချွမ်ရွေ့ကထငိုတော့သည်။အရင်ဆိုမျက်ရည်ဝဲရုံကလွဲပြီးသိပ်မငိုတတ်တဲ့ချွမ်ရွေ့ကအခုတလောတအားကိုအငိုသန်နေသည်။

''အဲ့တာဆိုလိုက်ခဲ့မလား ပျင်းတော့ပျင်းစရာကောင်းမှာနော်''

''ဟုတ်''

ချွမ်ရွေ့ဟာဂျီဝွန်းနည်းနည်းလေးကောင်းပေးလိုက်တာနဲ့ချွဲစိန်ကိုဖြစ်နေတော့တာဘဲ။အခုလည်းတစ်ကိုယ်လုံးဂျီဝွန်းကိုယ်ပေါ်မှာ။ဖျားနေတဲ့ချွမ်ရွေ့က အော်ငိုလိုက် ဂျီဝွန်းကိုသူ့လက်သေးသေးလေးတွေနဲ့တအုန်းအုန်းထုလိုက်နဲ့သိပ်ကိုသဘောတွေ့နေ၏။ငိုလို့ဝတော့ဂျီဝွန်းကိုယ်ပေါ်ကနေမဆင်းဘဲ အဲ့အတိုင်းအိပ်သွားပြန်သည်။ခြေထောက်ကခြေကျင်းကိုဂျီဝွန်းဖယ်ပေးထားတာကြာနေပေမဲ့အမာရွတ်သေးသေးလေးတွေကျန်နေသေးသည်။

''အိုးဟိုး နှောက်ယှက်မိသွားတာလား''

''တိုးတိုးနေစမ်း အာကျယ်အာကျယ်နဲ့''

''အယ်!''

ချွမ်ရွေ့ကိုကြည့်ပေးဖို့လာတဲ့ရှီဂျွန်းကိုတစ်ချက်ဟောက်လိုက်ရင်းသူ့ရင်ခွင်ထဲက ကလေးငယ်အားကုတင်ပေါ်အသာချရသည်။နိုးမှာဆိုးလို့သူတောင်နှစ်နာရီလောက်ခါးအညောင်းခံပြီးထိုင်နေတာကိုအာကျယ်နေသည်။ရှီဂျွန်းကဂျီဝွန်းကိုကြည့်ပြီးမဲ့ရွဲ့နေတာကိုတော့ဂျီဝွန်းမမြင်ချင်ယောင်ဆောင်ထားလိုက်သည်။

If Only Where stories live. Discover now