1

1K 45 20
                                    


[Loving Caliber _ I wish you were mine (Recommed song)]

Don't be too serious guys!!!This is just a fanfiction and all of these are my imagination.Mature Alert On!!!!You must be alert to warning.

''အကို ဒီနေ့ဒီမှာနေလို့မရဘူးလား ''

''မရဘူး ကလေးရဲ့ဒီနေ့နှစ်ပတ်လည်နေ့မလို့ ပြန်မှရမယ် ''

မက်သရူးသူ့ခါးကိုနောက်ကနေဖက်ထားတဲ့လက်သွယ်သွယ်လေးကိုအသာအယာဖြုတ်ချလို့အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်သည်။ဒီကလေးနားလည်လောက်ပါတယ်လေ။

''အင်းပါ အဲ့တာဆိုလည်းကောင်းကောင်းပြန်''

မျက်နှာငယ်လေးနဲ့သူ့ကိုပြောလာပြန်တော့လည်းမက်သရူးမနေနိုင်။ရေချိုးပြီးကာစမို့ဆံပင်အဖြူရောင်လေးတွေကဖွာကနဲရှိနေ၏။မက်သရူးထိုကောင်လေးရဲ့ဆံပင်တွေကိုတစ်ချက်ဖွလိုက်ရင်းနဖူးကိုဖွဖွနမ်းလိုက်သည်။ပြီးမှ...

''နောက်နေ့မှအကြာကြီးအချိန်အတူဖြုန်းပေးမယ်နော် ကလေးလေး ''

''အွန်း''

မက်သရူးကားပေါ်ရောက်တော့သက်ပြင်းတစ်ခုကိုကျယ်ကျယ်လောင်လောင်ချလိုက်မိသည်။ငရဲနဲ့တူတဲ့မွန်းကျပ်လွန်းတဲ့အိမ်ကိုပြန်ရအုံးမယ်။တကယ်တော့သူအခုပြန်မဲ့အိမ်မှာမက်သရူးရဲ့ခင်ပွန်းရှိနေမှာဖြစ်သည်။စောနကသူထွေးပွေ့ခဲ့တဲ့အဖြူလုံးလေးမဟုတ်တဲ့တစ်ခြားယောကျာ်းတစ်ယောက်ပေါ့။

''မက်သရူး နောက်ကျလိုက်တာ ''

''ဟုတ်တယ် ဟျောင်း အလုပ်နည်းနည်းရှုပ်နေလို့''

မက်သရူးရဲ့လျှာရိုးမရှိတိုင်းလျှောက်ပြောတဲ့စကားကိုထိုလူကယုံတာပါဘဲ။တကယ်ကနေ့လည်ထဲကသူ့အဖြူလုံးလေးဆီရောက်နေတာ။တွေ့ချင်လွန်းလို့အလုပ်တွေကိုသိမ်းကြုံးပြီးအရင်ရက်ထဲကလုပ်ထားပြီးသား။သူနဲ့လက်ထပ်ထားတဲ့လူရဲ့နာမည်ကကင်မ်ဂျီဝွန်းတဲ့။မက်သရူးတို့လုပ်ငန်းအရှုံးပေါ်ခါနီးမှာကယ်တင်ခဲ့တဲ့ကယ်တင်ရှင်ပေါ့။

ဒါပေမဲ့အဲ့တာကိုအကြောင်းပြပြီးသူ့ကိုလက်ထပ်ယူခဲ့တာဖြစ်သည်။မက်သရူးဖောက်ပြန်တာကိုအရမ်းမုန်းခဲ့ဖူးသည်။ဒါကသူအဖြူလုံးလေးနဲ့မတွေ့ခင်ကဖြစ်သည်။လက်ထပ်ပြီးခြောက်လလောက်အကြာမှာမက်သရူးသူ့ရဲ့အဖြူလုံးလေးနဲ့ဆုံခဲ့တာဖြစ်သည်။မတော်တဆတွေ့ခဲ့တာပေမဲ့ချစ်မိသွားတဲ့မက်သရူးကအဖြူလုံးလေးအားတွေ့အောင်ရှာခဲ့လေသည်။အစကတော့အိမ်ထောင်ရှိတဲ့မက်သရူးကိုလက်မခံ။နောက်တော့အားမလျော့တမ်းကြိုးစားတဲ့မက်သရူးကြောင့်ထိုကောင်လေးဟာမက်သရူးရဲ့တိတ်တိတ်ပုန်းချစ်သူလေးဖြစ်လာတော့သည်။အော် ဒါနဲ့ မက်သရူးရဲ့အဖြူလုံးလေးနာမည်ကရစ်ခီရှန်တဲ့။

If Only Where stories live. Discover now