''ကင်မ်ဂျီဝွန်း!!!"
ချွမ်ရွေ့ရဲ့လက်သေးသေးလေးကိုဆုပ်ကိုင်ပြီးဂျီဝွန်းအိမ်ထဲဝင်လာလာချင်းကိုသူ့အဖေကစီးကြိုနေသည်။အော် ဂျီဝွန်းပို့လိုက်တဲ့စာရောက်ပြီထင်ပါရဲ့။
''ဘေဘီ အပေါ်တက်နေ ဘာသံကြားကြားဆင်းမလာနဲ့ အခန်းတံခါးကိုလော့ချထား ''
''ကိုကို~''
''ကိုကိုပြီးရင်လာခဲ့မယ် နော် ခဏလေးဘဲ''
''ဟုတ်''
သူ့အဖေရဲ့မျက်နှာကဒေါသကြောင့်တင်းမာနေတာမလို့ချွမ်ရွေ့ကနောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့အပေါ်တက်သွား၏။
''တရားရုံးကရောက်လာတဲ့စာကဘာသဘောလဲ ကင်မ်ဂျီဝွန်း ငါ့ကိုသွေးတိုးစမ်းနေတာလား''
''အော် မလုပ်ရဲပါဘူး အဖေရယ် ''
''မင်း မင်း!!!ကင်မ်ဂျီဝွန်း!!!"
"အဲ့လောက်ထိဒေါသထွက်မနေပါနဲ့ တရားရုံးသွားရမဲ့ရက်ကလည်းလိုသေးတယ်လေ''
''မင်း!!!"
အဖေကဂျီဝွန်းဆီကိုလျှောက်လာပါရင်းသူ့ပါးကိုရိုက်လာသည်။ဒါပေမဲ့ဂျီဝွန်းတို့ကမဖြုံတော့ဘူး။သူ့ကလေးဘဝထဲကရိုက်ခံလာရတာ ဒီလောက်ကတော့အပျော့စားလေးဘဲရှိသေးတယ်။
''မင်းအမေအချိုးတွေလာမချိုးနဲ့နော် ကင်မ်ဂျီဝွန်း မင်းဒီမျိုးရိုးနဲ့နေခွင့်ရနေတာကိုဘဲကျေးဇူးတင်တက်စမ်းပါ''
''ကင်မ်မျိုးရိုးဖြုတ်လိုက်ရလို့လဲ ဝမ်းနည်းနေမှာမဟုတ်ဘူး မေမေလည်းဒီလောက်ဆိုရင်ဝဋ်ကျွတ်သင့်နေပြီ တရားရုံးမှာတွေ့ကြတာပေါ့''
''အေး အဆုံးထိဆက်သွားမယ်ပေါ့ ဟုတ်လား နောက်မှနောင်တမရနဲ့ ကင်မ်ဂျီဝွန်း ''
သူ့အဖေကဂျီဝွန်းကိုကျိန်းဝါးရင်းနဲ့ပြန်သွားသည်။ဆိုဖာပေါ်ကိုထိုင်ချလိုက်ရင်းတုန်လှုပ်နေတဲ့သူ့စိတ်ကိုမနည်းပြန်တည်ငြိမ်အောင်လုပ်နေရသည်။ဒါပေမဲ့အပေါ်ထပ်မှာစိတ်ပူနေတဲ့ချွမ်ရွေ့ကိုသတိရတော့လှေကားထစ်တွေတောင်ကျော်တက်လို့ဂျီဝွန်းအပြေးသွားမိသည်။
''ဘေဘီ ကိုကိုပါ တံခါးဖွင့်အုံး''
''ဟင့်! ကိုကို''
![](https://img.wattpad.com/cover/344149694-288-k699493.jpg)
YOU ARE READING
If Only
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါဘဲ။ This is just a fanfiction guys!Nothing of there are real.