2

399 44 13
                                    

(This part contain vulgarism!!!)

''Sorryy ချွမ်ရွေ့ ကိုယ်အခန်းနံပါတ်မှားသွားတယ်ထင်တယ် ''

''ကိုကို့အမျိုးသားဆော့မက်သရူးနဲ့ဖောက်ပြန်နေတဲ့လူကိုလာရှာတာဆိုရင်တော့ ချွမ်ရွေ့ဟုတ်တယ် ကိုကိုလိပ်စာမမှားဘူး ''

''မင်း!!"

ကိုကိုဟာအခုထိလက်မခံနိုင်သေးဟန်မျက်နှာဟာဖြူဖျော့သွားတော့သည်။ကိုကိုကချွမ်ရွေ့ကို'ပိုက်ဆံမက်တဲ့ကောင်' ၊ 'ပိုင်းလုံးကောင်'လို့တောင်မဟုတ်ဘဲစွတ်ဆွဲခဲ့သေးတာကိုဆော့မက်သရူးနဲ့ဖောက်ပြန်နေပါတယ်ဆိုတဲ့အမှန်တရားမှဘာလို့လက်မခံချင်နေရတာပါလိမ့်။ချွမ်ရွေ့ကို ဘယ်လိုတွေးစေချင်တာလဲ။ချွမ်ရွေ့ ဟုတ်သားဘဲသူကိုကိုနဲ့ဆိုရင်သူ့ကိုယ်သူချွမ်ရွေ့လို့သုံးတာအကျင့်ဖြစ်နေတာဘဲ။ကိုကို့အိမ်ကိုသူစရောက်ခါစတုန်းကကိုကိုသူ့ကိုသင်ပေးခဲ့တဲ့ပထမဆုံးအကျင့်တစ်ခုဖြစ်ခဲ့တာဘဲ။

''အိမ်ထဲဝင်အုံးလေ ကိုကို''

''ငါမင်းကိုအဲ့လိုမခေါ်ဖို့ပြောထားတယ်မလား ချွမ်ရွေ့ ''

''အာ sorry ဟျောင်း မတွေ့တာကြာနေပြီဆိုတော့မေ့သွားတယ်''

ကိုကိုကချွမ်ရွေ့ကိုလေသံမာမာနဲ့ပြောရင်းသူစောနကဆေးလိပ်တွေဖြန့်ချထားတဲ့ဆိုဖာနားကိုရောက်လာသည်။ကိုကိုကမျက်မှောင်တစ်ချက်ကြုံပြီးရစ်ခီ့ကိုကြည့်လာသည်။အမေးစကားလုံးတွေပါနေတဲ့ကိုကို့မျက်လုံးတွေကြောင့်ချွမ်ရွေ့မျက်လွှာကိုအသာချလိုက်ရသည်။ကိုကိုကသူ့ကိုစိုက်ကြည့်နေရင်မကြိုက်ဘူး။ချွမ်ရွေ့ကလည်းကိုကို့မျက်လုံးတွေကိုတိုက်ရိုက်မကြည့်ရဲဘူး။

''ဆေးလိပ်တောင် မဟုတ်ဘဲ ဆေးပါသုံးနေတာလား ချွမ်ရွေ့ ဟမ်!''

ကိုကိုဟာသူ့လာရင်းကိစ္စကိုမေ့ကာချွမ်ရွေ့အားဆူပူလာတော့သည်။ကိုကိုရိပ်မိအောင်ထိသူအနံ့တွေမွန်ထူနေအောင်သောက်မိတာထင်ပါရဲ့။

''တစ်ခါတစ်လေမှပါ အိပ်မပျော်မှသောက်တာပါ ''

''ဟင်း!! ဒီတိုက်ခန်းကရော​မက်ချူးဝယ်ပေးထားတာလား''

ဂျီဝွန်းသူ့အတွင်းရေးမှုးဆီကကြားလာတဲ့သတင်းအရလွန်ခဲ့တဲ့ငါးလပတ်ဝန်းကျင်လောက်ကမက်ချူးတိုက်ခန်းတစ်ခုဝယ်ထားသေးတယ်တဲ့။သူမသိဘဲနဲ့လေ။သေချာပေါက်ဒီတိုက်ခန်းဖြစ်ရမယ်လို့သူထင်နေသည်။

If Only Where stories live. Discover now