[Lee Hi _ My love(Recommed song)](Commentပိစိလေးတွေမရေးရင်ကောက်မှာနော်)
မက်သရူး ကင်မ်ဂျီဝွန်းနဲ့ရန်ဖြစ်တဲ့ကိစ္စကသူ့အမေနားထဲရောက်သွားသည်။တစ်နေကုန်နီးပါးလောက်သူ့မှာတစ်ထိုင်တည်းအဆူခံရပြီးနောက်သူ့ရဲ့ဦးတည်ရာကသူ့အသက်သွေးကြောလေးရှိရာဆီသာဖြစ်သည်။ကင်မ်ဂျီဝွန်းကိုချစ်မှန်းသိပေမဲ့သူဟာထိုကောင်လေးနားနောက်ဆုံးအချိန်ထိတွယ်ကပ်ချင်နေမိတော့တာဘဲ။
''ကလေး''
''ဟင် အကို အိမ်မပြန်ဘူးလား ''
''အင်း မပြန်ဘူး ကလေးလေးနားရှိချင်လို့''
ခါးကနေဖက်ထားသည်ကိုလည်းမရုန်းဘဲရစ်ခီကဖုန်းကိုသာသဲကြီးမဲကြီးကြည့်နေသည်။အရင်လည်းသူ့ကိုသိပ်အာရုံမရှိပေမဲ့ဒီနေ့ကပိုဆိုးနေသည်။ဘာတွေကများအဲ့လောက်အရေးကြီးနေပါလိမ့်။
''ကလေးလေး ကိုယ့်ကိုကြည့်ပါအုံး ''
''ဟင် ခဏလေး အကို! ''
''ဘာတွေအရေးကြီးနေတာလဲဟမ် မွ!''
ရစ်ခီ့ရဲ့ဂုတ်သားဖွေးဖွေးလေးကိုမက်သရူးနမ်းလိုက်တော့တုန်တက်သွားတဲ့ရစ်ခီဟာမက်သရူးနဲ့ဆိုအတွေ့အကြုံမရှိမှန်းသိသာလှသည်။မက်သရူးကရစ်ခီ့ကိုမြတ်နိုးလွန်းတာမို့နမ်းတာကလွဲပြီးတစ်ခါမှအဆင့်မတက်ဖူးခဲ့။သူအခုလိုထလုပ်တော့လန့်သွားတာထင်ပါရဲ့။
''ဘာမို့လို့ အဲ့လောက်အသည်းအသန်ကြည့်နေတာတုန်း ကိုယ့်ကလေးက ''
''ယူဂျင်းနီးရဲ့မဂ်လာဝတ်စုံလေ ဗင်းကရွေးပေးအုံးဆိုလို့ ''
''အော် ပြကြည့် ကိုယ်လည်းကြည့်ပေးမယ် ''
''အင်း''
ဒီညလည်းသူများကိစ္စနဲ့ဘဲညလုံးပေါက်အုံးမယ်ပုံပါဘဲ။ရစ်ခီ့ရဲ့ဘေးတစ်စောင်းမျက်နှာကိုကြည့်ရင်းမက်သရူးအတွေးတွေကအတိတ်ကိုတစ်ဖန်ပြန်ရောက်ရ၏။ရစ်ခီ့ကိုစတွေ့တုန်းကမက်သရူးဟာသူ့ရဲ့အိုအေစစ်လေးကိုရှာတွေ့ပြီလို့တွေးမိသည်အထိကိုသဘောကျခဲ့ရတာ။
....................................
''ကျွန်တော့်သူငယ်ချင်းရဲ့ပန်းချီပြခန်းဝင်ပြီးမှပြန်လာမှာ ဟျောင်း အင်းအင်း''

YOU ARE READING
If Only
Fanficအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါဘဲ။ This is just a fanfiction guys!Nothing of there are real.