(This part contain abusive and mature sence)
ချွမ်ရွေ့လက်ထပ်တယ်ဆိုတာကလည်းလူအနည်းငယ်ဖိတ်ပြီးသူ့ကိုဝယ်လိုက်သလိုမျိုးလူအိုကြီးတွေကြားမှာမိတ်ဆက်ပေးခံရတာဖြစ်သည်။လူကြောက်တတ်တဲ့ချွမ်ရွေ့အတွက်တော့တကယ့်ကိုခက်ခဲသည်။သူ့လက်ကိုအားနဲ့ဆုပ်ကိုင်ထားတဲ့ကင်မ်ဆူဟျော့ရဲ့လက်ကြောင့်ချွမ်ရွေ့တစ်ကိုယ်လုံးချွေးအေးတွေထွက်နေသည်အထိစိတ်ကျဥ်းကျပ်ရသည်။ဒီလိုမျိုးသူ့ခန္ဓာကိုယ်ပေါ်ကိုလက်တင်ဖူးတာဆိုလို့ ကိုကိုတစ်ယောက်တည်းရှိခဲ့တာလေ။မေမေ့ကိုလည်းထိုလူကလာမတွေ့ဖို့ပြောထားပြီးသားထင်ပါရဲ့။ဦးလေးကလည်းမေမေ့ကိုသူ့ဆီလာခိုင်းတော့မှာမဟုတ်။
''ဟို သန့်စင်ခန်း ခဏ''
''မြန်မြန်ပြန်လာခဲ့ ငါ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့ ''
''ဟုတ်''
''ကလေးကလူကြီးတွေကြားဆိုတော့အနေခတ်နေတာ... ''
ချွမ်ရွေ့ထထွက်လာတော့နောက်ကနေရွန်းရွန်းဝေနေတဲ့ကင်မ်အဖိုးကြီးရဲ့အသံကိုကြားရသည်။စောနကသူ့နားနားကပ်ပြီးခပ်ကြိတ်ကြိတ်ပြောတဲ့လေသံနဲ့တော့အတော်ကိုကွာနေသည်။မေမေဘာလို့ဒီလူ့ဆီကိုချွမ်ရွေ့ကိုမပေးချင်လည်းချွမ်ရွေ့သိလိုက်ပြီ။ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးနဲ့ထိုလူဟာမျက်နှာနှစ်ဖက်နဲ့လူယုတ်မာသာဖြစ်သည်။
''ရစ်ခီ!?''
ချွမ်ရွေ့အပေါ်ထပ်ကဧည့်ခန်းထဲမှာတစ်ချက်လောက်ခိုးနားမလို့ကြံနေတုန်းအသံတစ်ခုကသူ့ကိုနှောင့်ယှက်သည်။ချွမ်ရွေ့မော့ကြည့်လိုက်တော့ မေမေနဲ့ဆေးရုံသွားတုန်းကတွေ့ခဲ့တဲ့ကောင်လေးဖြစ်နေသည်။ကောင်လေးသာပြောတာသူနဲ့ရွယ်တူလောက်ပါဘဲ။
''ရစ်ခီဟုတ်နေတာဘဲ ကိုယ်ကလူမှားမှာကြောက်နေတာ အဖေ့ဧည့်သည်လား''
ထိုကောင်လေးနဲ့နောက်ထပ်မတွေ့တော့ဘူးအထင်နဲ့ချွမ်ရွေ့သူ့နိုင်ငံခြားမှာကျောင်းတက်ဖြစ်ရင်သုံးဖို့ထားတဲ့နာမည်ကိုပြောလိုက်တာဖြစ်သည်။ဒါနဲ့နေပါအုံး အဖေ ဆိုတော့ ကင်မ်ဆူဟျော့ ကိုပြောတာများလား!?
''မင်း ကင်မ်ဆူဟျော့နဲ့ဘာတော်တာလဲ ''
''ကိုယ့်အဖေလေ ''

YOU ARE READING
If Only
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါဘဲ။ This is just a fanfiction guys!Nothing of there are real.