8

369 39 9
                                    

ချွမ်ရွေ့နိုးလာတော့လင်းနေတဲ့မီးရောင်တွေကစိမ်းသက်သက်ရယ်။ချွမ်ရွေ့သတိမေ့သွားတုန်းကအမှောင်ထဲမှာကို။ကိုကိုများပြန်ခေါ်လာတာလား။ချွမ်ရွေ့ထထိုင်လိုက်တော့သူ့ခြေထောက်မှာပလက်တီနမ်ခြေကျင်းကအခန့်သားပြန်ပြီးနေရာယူထားလေသည်။ကိုကို့ကိုလည်းမတွေ့။Elfရော ?သူမနေ့ကပြန်ရောက်ထဲကelfနဲ့မတွေ့ရသေးတာမို့ကုတင်ပေါ်ကဆင်းပြီးelfကိုရှာပုံတော်ဖွင့်ရတော့သည်။ကိုကိုကတော့ဒီလောက်နေမြင့်နေမှအလုပ်သွားပြီထင်ပါရဲ့။

''ကိုကို!''

elfကိုရှာရင်းအောက်ထပ်ရောက်လာတဲ့ချွမ်ရွေ့ကို ဧည့်ခန်းမှာထိုင်နေတဲ့ကိုကိုကစောင့်ကြိုနေသည်။ကိုကိုတစ်ယောက်တည်းလည်းမဟုတ် လူသုံး၊လေးယောက်ရှိနေသည်။ချွမ်ရွေ့ကိုမြင်သွားတော့အကုန်လုံးကဘယ်သူလဲဆိုတဲ့အကြည့်နဲ့ကြည့်လာသည်။

''ကျွန်တော့်အမျိုးသားလေ ချွမ်ရွေ့မနက်စာသွားစား ကိုကိုဆန်ပြုတ်ချက်ထားပေးတယ် ပြီးမှကိုကိုဆေးလာတိုက်မယ် ''

''ဟုတ်''

ကိုကိုကလေသံမာမာနဲ့ပြောလာတာမို့ချွမ်ရွေ့ထမင်းစားခန်းထဲကိုအမြန်ပြေးဝင်ဖို့လုပ်လိုက်သည်။ကိုကိုကသူ့ကိုတစ်ချက်မှလှည့်မကြည့်ရင်တောင်စိတ်ဆိုးနေတဲ့ကိုကို့ရဲ့လေသံမာမာကချွမ်ရွေ့ကိုချက်ချင်းထပြေးချင်လာအောင်လုပ်နေတော့တာဘဲ။ဒါနဲ့ elfကဘယ်ရောက်နေပါလိမ့်။

''ကိုကို elfရော''

ဧည့်သည်တွေပြန်သွားတယ်ထင်ပါရဲ့ ကိုကိုကထမင်းစားခန်းထဲကိုအေးဆေးဘဲဝင်လာသည်။ချွမ်ရွေ့စားသောက်ပြီးတဲ့ထိပေါ်မလာတဲ့elfကြောင့်ကိုကို့ကိုချွမ်ရွေ့မေးကြည့်ရတော့သည်။

''လွှင့်ပစ်လိုက်ပြီ''

''ဟင်!''

''ကိုယ် အဲ့ကြောင်ကိုချွမ်ရွေ့အပျင်းပြေအောင်ဝယ်ပေးတာ ချွမ်ရွေ့ကအပျင်းမှမပြေဘဲ အပြင်တောင်ထွက်လည်တာဆိုတော့ ပစ်လိုက်ပြီ ''

ချွမ်ရွေ့ရဲ့မိုက်မဲမှု့ကြောင့်elfကစွန့်ပစ်ခံလိုက်ရတာ။ချွမ်ရွေ့ကဘယ်သူ့အတွက်မှမကောင်းဘူးဘဲ။ချွမ်ရွေ့သူ့ကိုယ်သူမုန်းလိုက်တာ။

If Only Where stories live. Discover now