(This part contain vulgarism!!Mature words)
ချွမ်ရွေ့အသက်၁၅နှစ်ပြည့်တဲ့နေ့မှာမားကသူ့ကိုအပြီးတိုင်စွန့်ခွာသွားခဲ့သည်။အဲ့အချိန်မှာမားရဲ့သူငယ်ချင်းလို့ပြောတဲ့အန်တီတစ်ယောက်ကချွမ်ရွေ့ကိုလာခေါ်သည်။ချွမ်ရွေ့ကအခုကစပြီးသူတို့နဲ့အတူနေရတော့မှာတဲ့။
''သားငယ်လေး အခုကစပြီး ဒီအိမ်ကသားငယ်လေးအိမ်ဘဲနော် သားထက်အသက်၆နှစ်ကြီးတဲ့ကိုကိုလည်းရှိတယ် သားအဖော်ရတာပေါ့''
''ဟုတ်''
ကိုရီးယားစကားကိုမကျွမ်းကျင်သေးတဲ့ရစ်ခီကနားလည်လိုက်ပေမဲ့ပြန်ပြောဖို့ရာခက်ခဲသည်။ခေါင်းဘဲညိတ့်ပြရင်လည်းသူ့ကိုစိတ်ဆိုးပြီးနှင်ထုတ်လိုက်မှာကိုကြောက်သည်။ဒါပေမဲ့အန်တီကတော့စိတ်ထဲမထားတဲ့ပုံပါဘဲ သူ့ကိုပြုံးပြသည်။
''သားရေ ဂျီဝွန်း ညီလေးရောက်နေပြီ''
''လာပြီ မေမေ''
လှေကားပေါ်ကအပြေးလေးဆင်းလာတဲ့အကိုကြီးတစ်ယောက်ဟာရုပ်ရှင်တွေထဲကမင်းသားလိုချောသည်။ခေါက်တင်ထားတဲ့အင်္ကျီလက်ကြောင့်လက်မောင်းကအကြောတွေကိုတောင်ချွမ်ရွေ့မြင်နေရသည်။နားမှာဖောက်ထားတဲ့နားပေါက်တွေကိုမြင်လိုက်ရတဲ့အခါချွမ်ရွေ့အန်တီ့နားကိုအသာလေးကပ်သွားလိုက်သည်။အကိုကြီးကသူ့ကိုကြည့်လာတဲ့အခါမှာတော့ချွမ်ရွေ့အန်တီ့နောက်ကိုဝင်ပုန်းလိုက်သည်။
''သားငယ်လေး ဘာဖြစ်လို့လဲ ကိုကိုကသဘောကောင်းပါတယ် မကြောက်နဲ့နော်''
''ဟုတ်''
ချွမ်ရွေ့အန်တီ့နောက်ကနေအသာလေးပြန်ထွက်လာလိုက်ရင်းအကိုကြီးအားမော့ကြည့်လိုက်သည်။သူ့ကိုစူးစိုက်ကြည့်နေသည့်မျက်ဝန်းလေးများနှင့်တိုးသည်နှင့်ခေါင်းကိုမြေကြီးထဲဝင်မတတ်ချွမ်ရွေ့ပြန်ငုံ့ချလိုက်သည်။
''နာမည်ဘယ်လိုခေါ်လဲ ကလေးက''
သူ့ထက်အရပ်ရှည်နေတာမို့သူ့ရှေ့ကိုဒူးထောက်ထိုင်ချရင်းအကိုကြီးကမေးသည်။စောနကတည်တင်းနေတဲ့မျက်နှာနဲ့မဟုတ်ဘဲအရမ်းလှတဲ့အပြုံးကိုလည်းအကိုကြီးကချိတ်ဆွဲထားသေးသည်။
YOU ARE READING
If Only
Fanfictionအညိုရောင်မျက်ဝန်းတွေကိုငေးကြည့်ချင်ခဲ့ရုံလေးပါဘဲ။ This is just a fanfiction guys!Nothing of there are real.