အခန်း (၂)

589 9 0
                                        

#အရာရာကိုးလ်

      

"သားလေးရေ...သားလေး ထတော့ "

"အားးးးအဖေကလည်း ကျွန်တော့်ကို ကလေးတစ်ယောက်လိုမခေါ်ပါနဲ့ဆို"

"အဖေမျက်လုံးထဲမှာသားက အမြဲတမ်းကလေးပဲ "

"ရှင့်သားက ဘွဲ့ရလို့ အလုပ်တောင်လုပ်နေပြီး၊ မိန်းမယူရင်တောင် ယူလို့ရတဲ့အရွယ်ရှင့် "

အလုပ်ပိတ်ရက်လေးမို့ ကျွန်တော့်မှာ အိပ်ရေးဝဝအိပ်ဖို့ ကြံရုံရှိသေး၊ မနက်၈နာရီတိတိမှာ အဖေနဲ့ အမေက ကျွန်တော့် အိပ်ယာဘေးပူညံ ပူညံလုပ်၍ ထပ်အိပ်ရန်မသင့်တော့ချေ။

"အလုပ်ပိတ်ရက်လေးမှာ ကျွန်တော့်ကိုအေးအေးဆေးဆေးလေး နားခွင့်ပြုပါ တောင်းပန်ပါတယ် လို့ "

လှဲနေရင်းကနေ ကျွန်တော်ပျင်းရိပျင်းတွဲ ထထိုင်လိုက်ရသည်။

"အဖေတို့ဆေးခန်းမှာ ဝိုင်းကူလုပ်ပေးဖို့ဆန္ဒရှိလား သား?"

"နိုးပါ အဖေ၊ လုံးဝနိုးပဲ၊ နေ့လည်ကျရင် ရုံးက လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်အတွက်ကြိုဆိုပွဲလုပ်ပေးဖို့ ဆိုင်မှာ ချိန်းထားပြီးသား "

"တွေ့လား? ကျွန်မပြောသားပဲ ရှင့်သားက ကလေးမဟုတ်တော့ပါဘူးဆို"

"မိန်းမ ..."

"တော်ပြီး တော်ပြီး အဖေ့မိန်းမနဲ့ အေးဆေးစကားပြောလိုက်ဦး၊ သား ရေချိုးပြီး ထမင်းစားတော့မယ် ဟုတ်ပြီးလား?"

လေကြောရှည်တော့မည့်အဖေ့အကြောင်းကိုသိသူပီပီ ကုတင်ပေါ်ကနေချက်ချင်းဆင်းကာ ရေချိုးခန်းထဲ တန်းဝင်လာခဲ့တော့သည်။

"သားရေ...ရေချိုးနေတုန်းလား?"

"အား အဖေ သား ၅မိနစ်နဲ့ ဘယ်သူက ရေချိုးပြီးနိုင်မှာလဲ?"

"အင်းပါ၊ သားဖုန်းလာနေလို့ ဘာတဲ့ အသဲပုံအမဲ🖤လေးနဲ့ မှတ်ထားတာ"

"ဗျ...ဗျာ!  ပေး ပေး သားဖုန်း..."

"ခေါင်းမှာဆပ်ပြာတွေနဲ့ ဖုန်းကို မရမက လုနိုင်သေးတယ်နော်၊
ဘာလဲ ? သားကောင်မလေးမို့လို့လား?"( မဟုတ်ဘူး သားကောင်လေးလေ အဖေရဲ့🤭)

အရာရာ ကိုးလ် (Complete)Where stories live. Discover now