အခန်း(၁၈)

51 3 0
                                        

#အရာရာကိုးလ်

အခန်း(၁၈)

ခုတလောအလုပ်မှာရော အိမ်မှာပါအရင်လို တတ်ကြွမနေတော့သည့်ယောင်္ကျားဖြစ်သူကိုကြည့်ရင်း ဒေါ်တင်တင်ရီတစ်ယောက်သက်ပြင်းတစ်ချချ ဖြစ်ရပါသည်။သားကိုချစ်သည့်ဇော၊ သားဖြစ်သူ သိမ်ငယ်၊နာကျင်ရမှာကို စိုးရိမ်စိတ် လွန်ကဲလွန်းသူမို့ သူမ တော်ရုံနားချ၍မရ။ သားသမီးနှစ်ယောက်ရှိလျှင် အကြီးဖြစ်သူကို ဂရုစိုက်မှုတွေလျှော့နိုင်သည်၊ အချစ်တွေလျှော့သွားနိုင်သည်၊ အငယ်နှင့်ယှဉ်ပြီး သိမ်ငယ်စိတ်ဝင်နိုင်သည်ဆိုသည့် မရေရာ မသေချာသည့် စိုးရိမ်စိတ်များကြောင့် သူမကို ကလေးထပ်မယူခိုင်းပေ။မျှပြီး ချစ်‌ပေးစရာမလိုပဲ  သားတယောက်တည်းကိုသာ သူ၏ရှိရှိသမျှအရာအားလုံးနှင့်ပုံအောပြီး ချစ်ပစ်လိုက်မည်ဟူသော အတ္တအနည်းငယ်ဆန်သည့် ချစ်ခြင်းမျိုးနှင့်သားကို ချစ်ခဲ့သူမဟုတ်ပါလား။

စိုးရိမ်စိတ်တို့ကြောင့်သာ တင်းခံ၍တားဆီးနေရပါသော်လည်း၊ သားဖြစ်သူမျက်နှာညှိုးနွမ်းနေသည်ကိုမြင်တော့ သူပဲ စိတ်မကောင်းဖြစ်ရသည်။ သူ့ကိုယ်သူ မှားများမှားနေပြီးလားဟူသောမေးခွန်းကိုပြန်မေးရင်း သူ့အဖို့အဖြေမရှိသည့် နေ့ညတို့က ပူလောင်ခြင်းအတိ။

*သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်သတဲ့လား *

ခုနေသားဖြစ်သူ ဇင်ယောကိုးလ်ကို  သူ့လက်ဖဝါးထဲ ငှက်မွေးကဲ့သို့ပေါ့ပေါ့ကလေးဖြစ်နေသည့် မွေးကင်းစအရွယ်ကို ပြန်ရောက်စေချင်သည်။ ခုချိန်ထိ သူချစ်၍မဝသေးပေ၊ နမ်း၍လည်းမဝသေး၊ သို့သော်သားကသူ့မျက်စိတစ်မှိတ်အတွင်းမှာပင် အရွယ်ရောက်လာခဲ့သည်။သူအမြတ်တနိုး တန်ဖိုးထားရသည့် ရတနာလေးကို ဘယ်လိုလုပ်ပြီး တခြားလူလက်ထဲ ထည့်ရက်နိုင်ပါ့မလဲ။

"ကိုချစ်ဖေ"

"မိဘအ‌ပေါ်သိတတ်လွန်းတဲ့ကလေးက ပိုပင်ပန်းရတယ်တဲ့၊ ကလေးက ရှင့်အပေါ်သိတတ်လို့ ရှင်သူ့ကိုချစ်မှန်းသိလို့ သူ့အချစ်ကိုတောင် သူစွန့်လွှတ်ဖို့လုပ်တာ ရှင်ကြည့်ရက်သလား"

ဦးချစ်ဖေ ငူငူငိုင်ငိုင်ဖြစ်နေဆဲ။

"ကလေးစိတ်ထိ‌ခိုက်အောင်မလုပ်ချင်စမ်းပါနဲ့ရှင်ရယ်၊ ကလေးက ခုလို စိတ်သောကရောက်နေလို့ရော ရှင်ကြည့်ရက်လို့လား၊ မထားသင့်တဲ့ အတ္တတွေ မထားပါနဲ့ ကိုချစ်ဖေ"

အရာရာ ကိုးလ် (Complete)Donde viven las historias. Descúbrelo ahora