အခန်း(၁၁)

304 11 0
                                        

#အရာရာကိုးလ်

    

"ကျစ် ရှန်! နင်ဆေးလိပ်မသောက်ပဲနေလို့မရဘူးလား? ငါအနံ့မခံနိုင်ဘူး"

ကုတင်ပေါ်မှောက်လဲပြီး‌ေထာင်ထားသည့်ခြေထောက်နှစ်ချောင်းလှုပ်ယမ်းကာ ပြောနေသည့်ကိုးလ်ကို သူဝရံတာမှတစ်ဆင့်ဆေးလိပ်ဖွာရင်း လှည့်ကြည့်မိသည်။

"Barကိုတပတ်တစ်ခါပုံမှန်ရောက်လို့သောက်စားတတ်တဲ့ကောင်က ဆေးလိပ်နံ့မခံနိုင်ဘူးဆိုတာကတော့ ဟာသပဲနော်"

ပြာခွက်ထဲဆေးလိပ်မီးသတ်ပြီး ဝရံတာအပြင်ဘက်အထိခနထွက်ကာ သူ့ကိုယ်မှ ဆေးလိပ်နံ့ပျောက်သည်အထိ ခေတ္တရပ်နေမိသည်။
ထို့နောက်သူအခန်းထဲပြန်ဝင်လာသည့်တိုင် ကိုးလ်ကတော့ မှောက်အိပ်မပျက်။

"ကိုးလ်..."

ကုတင်ပေါ်ဒူးတစ်ဖက်တင်ပြီး ကိုးလ်အာရုံစိုက်ကြည့်နေသည့်ဖုန်းကို သူသိလိုဇောဖြင့် ကြည့်ရာကနေ

"ကိုးလ်! နင် ငါတစ်ယောက်လုံးရှိနေတာတောင် ဒီ အရေးမပါတဲ့ porn တွေကို အရသာခံပြီးကြည့်နေတယ်ပေါ့လေ ကိုးလ် "

သူ့ဒေါသငယ်ထိပ်ဆောင့်တတ်ရာမှာ ကိုးလ်ဖုန်းကို ဆတ်ကနဲ ဆွဲယူပြီး နံရံနှင့် ပစ်ပေါက်လိုက်သည်အထိ။

"နင် နင်ပြောစမ်းကိုးလ်၊ ငါက အဲ့ဒီ Gay pornတွေလောက်တောင် နင့်ကိုမဆွဲဆောင်နိုင်ဘူးလား? အရေးမပါတာလား?"

မှောက်လဲနေသည့်ကိုးလ်ကိုဆွဲထူပြီး ပုခုံးနှစ်ဖက်ကိုနာသည်အထိ သူစိတ်ရှိတိုင်းလှုပ်ခါယမ်းနေသည်။

"အား! ငါ့ကို နာအောင်မလုပ်စမ်းပါနဲ့"

"နင်ပြောစမ်းကိုးလ်၊ နင်အဲ့ကားကြည့်နေရလောက်တဲ့အထိ ငါကနင်ကိုစိတ်ကျေနပ်အောင်မလုပ်ပေးနိုင်တာလား?"

"မဟုတ်ပါဘူးဆိုနေမှကွာ၊ ငါက ငါတို့နေရာတိုင်းမှာလုပ်ဖူးပေမဲ့ ကားပေါ်မှာတစ်ခါမှ မလုပ်ဖူးဘူးလေ၊ အဲ့ဒါ...ကားထဲရိုက်ထားတဲ့ pornတွေရှာပြီးကြည့်နေတာ၊ ငါတို့တနေ့ ကားပေါ်လုပ်တဲ့အချိန်ကျရင်...."

ပုခုံးကိုင်ထားသည့်သူ့ကိုမျက်လုံးချင်းမဆိုင်၊ ခေါင်းဖော်ပြီး မပြောပေမဲ့ ကိုးလ် ရှက်နေမှန်း သူသိသည်။

အရာရာ ကိုးလ် (Complete)Where stories live. Discover now