#အရာရာကိုးလ်
"ခုမှပဲ တွေ့ဖြစ်တော့တယ်"
"ဘွဲ့ယူတုန်းက ဘာတွေအလုပ်များနေလို့ ကိုယ်တိုင်မလာရတာလဲ?"
"ငါဘွဲ့လက်မှတ်ပဲလိုချင်တာလေ ဘွဲ့ဝတ်စုံဝတ်ပြီး ဘွဲ့နှင်းသဘင်ခန်းမထဲ သေချင်းစော်နံအောင်မနေချင်ဘူး"
သူငယ်ချင်းဖြစ်သူ ဝဏ္ဏအာကာစကားကြောင့် ရှန်တစ်ယောက် တည်နေသည့်မျက်နှာမှ ခပ်ဟဟရယ်ပါတော့သည်။
ကနေဒါကနေ မြန်မာပြည်ကို University နောက်ဆုံးနှစ်တတ်ဖို့ စီစဉ်ကတည်းက သူ စိုရိမ်နေခဲ့သည်။ သူ့အတွက် စိမ်းသက်နေသည့်ကျောင်းတော်ကြီးနှင့် မျက်နှာစိမ်းများကြား လိုက်လျောညီထွေအောင် နေနိုင်ပါ့မလားဟူသည့် အတွေးများ ကြီးစိုးနေသည့်အခိုက်အတန့်တွင် ထင်မှတ်မထားပဲ ဝဏ္ဏအာကာနှင့် ခင်မင်ခွင့်ရခဲ့သည်။
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်နေပါသော်လည်း စိတ်တူကိုယ်တူပေါင်းဖို့ အပေါင်းအသင်းတစ်ယောက်ဖြစ်ဖြစ် ရှိသင့်သည်မဟုတ်ပါလား?
တစ်ကျောင်းလုံး၏ King ဝဏ္ဏအာကာနှင့် တစ်ကျောင်းလုံးတွင် နာမည်ကြီးသည့် ရှန် အဖွဲ့ကျသွားသည်။
ဝဏ္ဏအာကာက ချမ်းသာကြွယ်ဝသည့်မိသားစုမှဆင်းသက်လာသည့်တိုင် မိသားစုစီးပွားရေးလုပ်ငန်းကိုစိတ်မဝင်စားပဲ အပျော်အပါးနှင့် ဟိုစပ်စပ်သည်စပ်စပ် လုပ်ငန်းများလုပ်ကိုင်နေတတ်သူပင်။
"မင်း ဟိုတစ်ယောက်နဲ့တွဲနေတုန်းပဲလား?"
ဇင်ယောကိုးလ်ကို မေးမှန်း သူသိသည်။ နောက်ဆုံးနှစ်တစ်နှစ်ပတ်လုံး ထူးထူးခြားခြားသူ့ထံမှ ကိုးလ်အကြောင်းအမြဲကြားနေရသောကြောင့်ပင်။
"အရမ်းအဆင်ပြေနေတာလေ "
"ထင်သားပဲ၊ အဲ့ကောင်ေလးက မင်းအကြိုက်ပုံစံပဲကို "
"မင်းကရော စော်သုံးလေးပွေနဲ့ မြန်မာရော ကမ္ဘာပါ ပတ်နေတာ အဆင်ရော ပြေရဲ့လား?"
"သူငယ်ချင်းတွေပါကွာ၊ အရမ်းလိုက်ကပ်နေလို့ ခေါ်သွားရုံလေပါ"
ESTÁS LEYENDO
အရာရာ ကိုးလ် (Complete)
Romance{Mine ကိုယ်တိုင် စိတ်ကူးပုံဖော်ထားရုံသက်သက်မို့လို့ လက်တွေ့ဘဝနဲ့ ကွာခြားပါမယ်၊ roပြီး မှောင်မဲ့ ficလေးပါနော်၊ Mine wattpadကိုသေချာမသုံးတတ်သေးတာမို့လို့ တစ်ခုခုအလွဲတွေလုပ်မိခဲ့တာရှိရင် သည်းခံပေးပါလို့ ☘️}
