အခန်း(၄)

454 12 0
                                        

#အရာရာကိုးလ်

        

       ရှန့်နောက်ကျောကို အကာအကွယ်ယူပြီး ကျွန်တော် ပုန်းနေခဲ့သည်။ မလုံခြုံမှန်းသိနေခဲ့ပေမဲ့ အနည်းငယ်စိတ်သက်သာရာရမိသည်။ သို့သော် ကြောက်လန့်သည့်စိတ်များက ထိန်းမနိုင်၊သိမ်းမရ ဖြစ်နေသည်ကိုတော့ ကျွန်တော်ဝန်ခံသည်။

ကျွန်တော့်လက်ဖဝါးနုနုလေးကို အားပေးသလိုလိုဖြင့် ဖိညှစ်နေသည့် ရှန့် လက်တို့မှာ နွေးထွေးလွန်းနေသည်။ ဖြစ်နိုင်လျှင် ရှန့် လက်ကိုဆွဲပြီး သည်နေရာကနေ ချက်ချင်းထွက်ပြေးလိုက်ချင်သည်။

"ရှန့်ကောင်လေးလား?"

"သား နာမည်ဘယ်လိုခေါ်လဲကွဲ့"

ထင်ထားသလိုဒေါသတကြီး အော်ဟစ်ကျိန်းမောင်းပြီး ရန်လိုသည့် အသံနှင့် မေးမနေကြပဲ ကြင်နာသည့်ဘက်သို့ တိမ်းသွားသည့် အသံ။ ကျွန်တော့်နားကြားများလွဲလေသလား? ဒါမှမဟုတ် ကျွန်တော့်ကို ကြင်နာရိပ်ပြပြီး ရှန်နှင့် အဆက်ဖြတ်ခိုင်းမည်လား?
အတွေးလွန်တတ်သည့် ကျွန်တော့်အဖို့ မေးခွန်းပေါင်း များစွာတို့က ကျွန်တော်ခေါင်းထဲ အလိုလိုပြည့်သိပ့်လာသည်။

"Mom, Dad အခက်တွေ့အောင်မလုပ်ပဲနေလို့မရဘူးလား?"

"မေးတာပဲဖြေလေ"

အသံက အနည်းငယ်တုံးတိနေသည်။ ရှန် ကိုယ်တိုင်အခက်တွေ့နေလောက်ပြီး။ ကျွန်တော် ရှန့် ကျောပြင်ကိုကွယ်နေရာကနေ မဝံ့ရဲစွာ ဘေးတွင်ဝင်ရပ်သည်။ ကြောက်စိတ်တို့ကြောင့် ရှန့်နှင့်တွဲထားသည့် ကျွန်တော့် လက်မဝါးတို့မှာ ချွေးစေးများအတိ။

"ဟို ကျွန်တော့် နာမည် ဇင်ယောကိုးလ်ပါ အန်တီ"

"ဟယ်...နာမည်လေးက လှလိုက်တာ"

ရှန်နှင့်တွဲထားသည့်ကျွန်တော့်လက်ကိုလွှတ်စေသော်လည်း တင်းတင်းကြပ်ကြပ်ကိုင်ထားသည့်ရှန်ကြောင့် စိတ်ဆိုးသွားဟန်ဖြင့် ရှန့်လက်ကို ရိုက်ချသည့် ရှန့်အမေ့။ ချွေးစေးများဖြင့်ချွဲကျိကျိဖြစ်နေသည့် ကျွန်တော့်လက်ကိုတော့ လက်ကိုင်ပုဝါဖြင့် သုတ်ပေးနေသည်။ ဒါ...ကျွန်တော့်ကိုအနုနည်းနှင့်သတ်နေသလိုပင်။

အရာရာ ကိုးလ် (Complete)Donde viven las historias. Descúbrelo ahora