#ဝဏ္ဏအာကာ+ ခန့်ထည်ဝါ
အခန်း (၁၂)
နာမည်ကြီးကြယ်ငါးပွင့် ဟိုတယ်ကြီးတွင် ချိန်းထားသည့် ဝဏ္ဏကြောင့် အနည်းငယ် စိတ်မတင်မကျဖြစ်ပေမဲ့ သူ့ခြေလှမ်းတို့ကပေါ့ပါးနေသည်။ ဝဏ္ဏအာကာ အပေါ် အမြင်မကြည်သော်လည်း သူ့မှာ လွန်ဆန်ဖို့ အကြောင်းပြချက်မရှိပေ။
တစ်ခုကိုလိုချင်လျှင် တစ်ခုကို စွန့်လွှတ်ရမှရမည် ဟူသောစကားက
သူ့အတွက် သွေးထွက်အောင် မှန်နေခဲ့သည်။ ညီမလေးရဲ့လွတ်လပ်မှုကို သူ့ခန္ဓာကိုယ်နှင့် ကြည်ကြည်ဖြူဖြူ လှဲလှယ်ခဲ့သည်။
သူ့ဘဝတစ်လျှောက်လုံး အထက်တန်းကျကျ၊ လူတိုင်းလိုချင်တပ်မက်သည့် ယောင်္ကျားတစ်ယောက်၊ သားကောင်းတစ်ယောက်အပြင် အကိုကောင်းတစ်ယောက် ဖြစ်အောင်နေခဲ့ရပါသော်လည်း ပြောင်းလဲသွားသည့် အသက်အရွယ်နှင့်အတူ အခြေအနေတစ်ချို့တွေကြောင့် သူ့နေထိုင်မှုပုံစံတွေကအစပြောင်းလဲလာခဲ့ရသည်။
အခန်းနံပါတ်(***)တွင် ချက်ချင်းတန်းမဝင်သေးပဲ ၁မိနစ်လောက်ရပ်နေခဲ့သည်။ အခန်းထဲ ရင်းနှီးသယောင်ရှိသည့် အသံများကြောင့် စိတ်ကို အနည်းငယ်လျှော့ထားကာ တံခါးဖွင့်၍ ဝင်ခဲ့သည်။
လူ၁၂ယောက်လောက်ရှိသည့် စားပွဲဝိုင်းက တိတ်ဆိတ်သွားပြီး သူ့ဆီတည့်တည့်မှတ်မှတ်ပြိုင်တူကြည့်လာကြသည်။
တံခါးဘက်ဆီမှ မျက်နှာမူပြီးထိုင်နေသည့် ညိုးနွမ်းနေသည့်မျက်နှာဖြင့် သူ့ကို အားကိုးတကြီးကြည့်နေသည့် ညီမလေး၏ မျက်ဝန်းဝိုင်းဝိုင်းအပြင် ၊နွမ်းလျလျဖြစ်နေသည့်မျက်နှာနှင့်နှုတ်ခမ်းဆီလိမ်းထားသော်လည်း ဖြူဖတ်ဖြူရော်ဖြစ်နေသည့်နှုတ်ခမ်းတစ်စုံ။
"ခုံအလွတ်တော့ မရှိတော့ဘူး၊ ဒီကိုလာထိုင် "
အမိန့်သံမဆန်သလို မာကျောကျွတ်ဆတ်နေသည့် အသံမျိုးနှင့်လည်းမဟုတ်။ နူးညံ့သိမ်မွေ့ပြီး တည်ကြည်ပြတ်သားလွန်းသည့် အသံပင်။ ပေါင်ပေါ် လက်ပုပ်ရင်း သူ့အားထိုင်ဖို့ရန် အပြုံးများဖြင့် ဆီးကြိုနေသည့် ဝဏ္ဏအာကာ။
တခြားအချိန်တွေမှာဆို သူအနည်းငယ် ကန့်လန့်တိုက်ချင်တိုက်မည်။ သို့သော် အကူအညီတောင်းနေသည့် ညီမငယ်၏ မျက်ဝန်းများကြောင့် ...
YOU ARE READING
အရာရာ ကိုးလ် (Complete)
Romance{Mine ကိုယ်တိုင် စိတ်ကူးပုံဖော်ထားရုံသက်သက်မို့လို့ လက်တွေ့ဘဝနဲ့ ကွာခြားပါမယ်၊ roပြီး မှောင်မဲ့ ficလေးပါနော်၊ Mine wattpadကိုသေချာမသုံးတတ်သေးတာမို့လို့ တစ်ခုခုအလွဲတွေလုပ်မိခဲ့တာရှိရင် သည်းခံပေးပါလို့ ☘️}
