ဇာတ်သိမ်း
လမ်းထိပ်ထမင်းဆိုင်တွင် ကားခနအပ်ထားပြီး ရပ်ကွက်ထဲ ဝင်လာကတည်းကပင် လမ်းမပေါ်တွင် လူများက ဟိုတစ်စု သည်တစ်စုဖြစ်။
တီးတိုးပြောနေကြပေမဲ့ ဘာတွေပြောနေကြမှန်းသူမသိ။ ဝဏ္ဏလက်မောင်းလေးကို မြဲမြံစွာဆုပ်ကိုင်ထားရင်း ကိုးလ်အိမ်ရှိရာသို့ နှစ်ယောက်သားခပ်သွတ်သွတ်လျှောက်နေမိသည်။
"အေးဟယ်၊ တို့ကဖြင့် အားကျသလားပြောမနေပါနဲ့တော့ ဒေါ်ကြီးရယ်၊ သယ်လာတဲ့ ပစ္စည်းတွေက နည်းတာမဟုတ်ဘူးသိလား"
"ဟုတ်တယ် ဟုတ်တယ် ကျွန်မလည်းမြင်တယ်၊မြင်တယ်ဆို ကျွန်မက ခြံထဲအရောက်လိုက်သွားကြည့်တာရှင့်သိလား၊ သတို့သားက ရှင်တို့မြင်တဲ့အတိုင်း သန့်ပြန့်ပြီး ချောနေလိုက်တာများ၊ သူတို့က ဆရာဝန်အိမ်မှာ ယောင်္ကျားလိုက်တောင်းတာတဲ့၊ ဒံပေါက် ထမင်းဘူးတောင်ဝေလို့ ကျွန်မ၃ဘူးလောက်သယ်လာသေးတာ"
"အဲ့အိမ်က ဆရာတို့ လင်မယားက စိတ်ရင်းစေတနာကောင်းလို့နေမှာပေါ့၊ ဆေးရုံ ဆေးခန်း နားတိုင်း မိဘမဲ့ဂေဟာတို့ ဘိုးဘွားရိပ်သာတွေမှာ အခမဲ့ဆေးသွားကုနေတာ၊ သူ့ဆေးခန်းမှာဆိုလည်း တချို့မရှိဆင်းရဲသားလူနာတွေကို အခမဲ့ ဆေးကုပေးသေးတာရှင့်၊ စိတ်ရင်းစေတနာတွေကောင်းလွန်းလို့ထင်တယ် သားမွေးထားတာတောင် တင်တောင်းပစ္စည်းအများကြီးနဲ့ လာတင်တောင်းခံရတာ"
"အမလေး ဒီကဖြင့် အားကျလွန်းလို့၊ အိမ်မှာရှိတဲ့ သမီးနဲ့ သားကိုလည်း အဲ့လိုပစ္စည်းဉစ္စာများများစားစားမဟုတ်ရင်တောင် ၁၀ပုံ ပုံ ၁ပုံလောက် လာတောင်းရင်ကို ကျေနပ်ပါပြီးရှင်"
"ဟေး ဒေါ်ကြီးတို့ ဆရာ့အိမ်မှာ ဒံပေါက်ထမင်းဘူးတွေဝေတယ်ရှင့်၊ လာတောင်းတဲ့သတို့သားဘက်က ကုသိုလ်လည်းရ ဝမ်းလည်းဝအောင်ကျွေးတာတဲ့၊ ရပ်ကွက်ထဲကလူတွေအကုန်လုံး သွားယူလို့ရအောင် ပြောပေးတာ"
ပတ်ဝန်းကျင်က အခြေအနေကို သဘောပေါက်စွာပြုံးရင်း ခန့်ထည်ဝါ၏ ခါးသေးသေးလေးကို ဆွဲဖက်ထားလိုက်သည်။ ဒီရှန်! မိန်းမ အယ် မဟုတ်သေးပါဘူး၊ ယောင်္ကျားလိုက်တောင်းတာပေါ့ ဒီနေ့က။
ကိုးလ်မိဘတွေက *ဒီနေ့မနက်၁၀နာရီလောက်မှာ အိမ်ကိုလာပါဦး၊ အကူအညီလေးတောင်းစရာရှိလို့*ဆိုပြီး ဖုန်းဆက် အကူအညီတောင်းထားသည်မို့ အလုပ်တွေအကုန်ရှင်းပြီးလာခဲ့ရခြင်းမျိုးဖြစ်သည်။
ESTÁS LEYENDO
အရာရာ ကိုးလ် (Complete)
Romance{Mine ကိုယ်တိုင် စိတ်ကူးပုံဖော်ထားရုံသက်သက်မို့လို့ လက်တွေ့ဘဝနဲ့ ကွာခြားပါမယ်၊ roပြီး မှောင်မဲ့ ficလေးပါနော်၊ Mine wattpadကိုသေချာမသုံးတတ်သေးတာမို့လို့ တစ်ခုခုအလွဲတွေလုပ်မိခဲ့တာရှိရင် သည်းခံပေးပါလို့ ☘️}
