အခန်း(၁၇)

46 2 0
                                        

#အရာရာကိုးလ်

"ခနလေးထပ်နေလို့မရဘူးလား"

"မရဘူး..."

"ခနနေမှ ဝင်လေနော် "

"လက်က ဘယ်နားလာထိနေတာလဲ"

"လွမ်းနေတာကို နော် ...နော်..နောက်၅မိနစ်ပဲ"

တစ်နှစ်ပတ်လုံး၊ ၂၄နာရီလုံး ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပြီး အဝင်အထွက်လုပ်ခဲ့သည့် ချစ်သူလေး၏အိမ်ကို ခိုးဂျောင် ခိုးဝှက်ဖြင့် လာရလိမ့်မည်ဟု ဘယ်သူက စိတ်ကူးမိမှာလဲ။ ခုလည်း ခြံထဲ အရိပ်ကျသည့်နေရာတွင် ချစ်ရသူကိုးလ်နှင့် တိတ်တဆိတ်ချိန်းတွေ့နေရသည်။ ညဉ့်နက်သန်းခေါင်ယံအချိန်တွင် နှစ်ဦးသား အလွမ်းသယ်၍မပြီးစီးနိုင်။ အရင်လို လွမ်းတိုင်း ထွက်တွေ့နိုင်သည့် အချိန်ကိုသာ ပြန်ရချင်သည်။

"လွှတ်တော့ အဖေနဲ့အမေနိုးနေဦးမယ်"

"တိတ်တိတ်လေးနေရင်တော့ မနိုးလောက်ဘူး"

"ညစ်ညမ်းတဲ့လက်တွေနဲ့ လာမထိနဲ့လေ"

"အဲ့ဒါကိုပဲ လွမ်းနေတာမလား၊ မညာနဲ့နော်"

"တော်စမ်းပါ.."

"ရှက်နေတာလား၊ ဟင် ရှက်နေတာလားလို့ မျက်နှာကို ဒီဘက်လှည့်ပါဦး"

ချစ်သူလေးကို နောက်ကျောက်သိုင်းဖက်ထားရင်း ကိုးလ်မျက်နှာ သူ့ဘက်လှည့်လာအောင် လက်တစ်ဖက်ဖြင့် အသာအယာဆွဲလှည့်လိုက်သည်။ အင်းးးမှောင်ရိပ်ကျနေသည်မို့ မျက်နှာသေချာမမြင်ရပေမဲ့ ပုံမှန်ထက်ပူနွေးလာသည့် ခန္ဓာကိုယ် အပူချိန်အရ ကိုးလ်ရှက်နေမှန်း သူသိနေသည်။

"ဒီတိုင်းလေးပဲတသက်လုံးဖက်ထားချင်မိတော့တယ် ၊ကိုးလ်...ခိုးပြေးကြမလား"

သူ့အပြောကြောင့် သူ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ပြီး ရန်လိုနေသည့်
မျက်နှာပေးမျိုးဖြင့် သူ့ကိုကြည့်နေသည့် ကိုးလ်။

"နင်ဟာလေ၊ သူများသားသမီးကို ပေါပေါပဲပဲခိုးပြေးဖို့လောက်ပဲတွေးနေတယ်ပေါ့ ဟုတ်လားရှန်"

ကိုးလ်အပြောကြောင့် မြက်ခင်းပေါ်တွင်ဖြစ်သလိုထိုင်နေသည့်သူက ရယ်ချင်စိတ်ကိုထိန်းရင်း ‌ကိုးလ်နှင့် သေချာအကြည့်ချင်းဆုံသည့်နေရာတွင်ပြင်ထိုင်သည်။ထို့နောက် နောက်က အုန်းပင်ကိုမှီရင်း

အရာရာ ကိုးလ် (Complete)Donde viven las historias. Descúbrelo ahora