အခန်း(၁၆)

439 10 5
                                        

#အရာရာကိုးလ်

    

   "ကျစ်...ထမင်းသေချာစားစမ်းပါ၊ ဟိုစပ်စပ်သည်စပ်စပ်နဲ့"

"သေချာကုန်အောင်စား၊ အရိုးနွှာထားတယ်နော်ငါးက ..."

"နင်လည်းများများစားဦး၊ နောက်လည်း များများချက်ကျွေးနိုင်အောင်"

ထမင်းဝိုင်းတွင် ပူးကပ်ပြီး တစ်ယောက်နှင့်တစ်ယောက်ထမင်းဟင်းများခူးခပ်ကျွေးနေသည့်သားဖြစ်သူနှင့် ရှန်၏အပြုအမူကို အကဲခတ်ကြည့်နေသည့် ဦးချစ်ဖေ။

နှစ်ချီနေအောင်မြင်နေရသည့်မြင်ကွင်းမို့ ပုံမှန်လိုဖြစ်နေပေမဲ့ သံသယဆိုသည့်အကြည့်နှင့်ကြည့်မိ၍ထင်သည် သာမန်ရိုးရိုးသူငယ်ချင်းက ဘယ်လိုအကြောင်းမျိုးကြောင့်မှ ခုလို ရဲတင်းလွန်းနေမည်မဟုတ်။

ကြင်နာတစ်လှည့်၊ ကျီစားတစ်ခါဖြင့် ထမင်းဝိုင်းက အရင်ကကဲ့သို့ ပြီးပြည့်စုံနေပေမဲ့ မသင်္ကာသည့်အကြည့်တစ်ချက်၊ သံသယဆိုသည့် စိတ်လေးအနည်းငယ်ဝင်လိုက်ရုံဖြင့် အရာရာက အရင်ကလောက် မရိုးသား၊ အဖြူစင်ချင်တော့ပါ။

"သား၊ ထမင်းစားရင် မဆူညံရဘူး၊ သေသေချာချာထိုင်ပြီး စား"

"အဖေကလည်း၊ အရင်ကတည်းက ခုလိုပဲ စားလာခဲ့တာကို"

"ကလေးမဟုတ်တော့ဘူး၊ ဖေဖေအများကြီးမပြောချင်ဘူးနော်"

ဦးချစ်ဖေလေသံက ပုံမှန်မဟုတ်၊ တုံးတိပြီးအေးစက်ပြတ်သားနေသည်။

"အဖေက ထူးထူးဆန်းဆန်းတွေလုပ်နေပြန်ပြီး"

သို့သော် တစ်ယောက်မျှထွေထွေထူးထူးဆက်မပြောကြတော့ပဲ ထမင်းကိုသာ ပုံမှန်အတိုင်းဆက်စားနေကြသည်။

သို့သော် လူလေးယောက်၏ ပျော်ရွှင်ဖွယ်ထမင်းဝိုင်းမှသည် တွေးစရာများပြည့်နေသည့် ထမင်းဝိုင်းအဖြစ်သို့ ကူးပြောင်းလျက်။

"သား! ဘယ်သွားမလို့လဲ"

ညနေ ရေမိုးချိုးပြင်ဆင်ပြီး ရှန်နှင့်အတူ ရှန့်အိမ်သို့ ပြန်မည့် ခြေလှမ်းတို့က အဖေဖြစ်သူ၏ အမေးတို့ကြောင့် ရပ်တန့်သွားရသည်။

အရာရာ ကိုးလ် (Complete)Where stories live. Discover now