အခန်း (၃)

477 12 0
                                        

#အရာရာ ကိုးလ်

    

      "ရှန်!"

ဆိုင်ကယ်ဦးထုပ်ဆောင်းမထားပေမဲ့ တမာပင်ကြီးအောက်တွင် ဆိုင်ကယ်ပေါ် အခန့်သားထိုင်နေသည့်ရှန်။ နေရောင် အနည်းငယ်ရှန့်ပေါ်ဖြာကျနေသောကြောင့် အရောင်အ‌ဝါတောက်ပနေသလားဟုပင်ထင်ရသည်။ အညိုရောင် T-shirtကို အနက်ရောင် ဂျင်းလက်ရှည်အပွဖြင့်တွဲဝတ်ထားသည်။

ကျွန်တော်ရှန့်မျက်နှာကို တစိမ့်စိမ့်စိုက်ကြည့်နေမိသည်။

ကိုယ်ချစ်တဲ့သူကို ကြည့်ရင်းကြည့်ရင်း ပိုပိုတိုးပြီးချစ်လာသည့် ခံစားချက်မျိုးဆိုတာ ဒီလိုခံစားချက်မျိုးများလား?

ရင်ခုန်သံများကလည်းအဆက်မပြတ်ခုန်ပေါက်နေသည့်တိုင် ရှန့် ဆီမှ ကျွန်တော့်ကို သဘောကျကြောင်း ပြောမည့် စကားများကို မျှော်လင့်နေမိသည်။

"နင်....နင်ရေမွှေးကန်ထဲကနေ မှောက်ကျလာတာလား?"

ဒီဖေ....😏!မနက်၄နာရီကတည်းက ကြိုးကြိုးစားစားပြင်ဆင်လာခဲ့တာကို **ကိုးလ် ဒီနေ့အရမ်းကြည့်ကောင်းတာပဲ၊ ဒီနေ့ အရမ်းချစ်ဖို့ကောင်းတာပဲ**အဲ့လိုအပြောခံရဖို့ မျှော်လင့်မိတာကို ။

ဘယ်လိုလုပ်ပြီး မြင်မြင်ချင်း ဆောက်နဲ့ထွင်းနေတာလဲ? ငါကပဲ အရမ်းမျှော်လင့်မိခဲ့တာလား?

"မျက်နှာစူပုပ်မထားနဲ့ ၊ ဒီမှာ နင့်အတွက် ပန်း ယူလာတယ်"

"ဟင်းးးးဒါဘာပန်းလဲ? ဒေစီလား?"

"မဟုတ်ပါဘူး၊ ရှားစောင်းပန်း ဘယ်လိုလဲ လှတယ်မလား?"

"အင်း၊ ဒါမဲ့ ဘာလို့ ဒီသေးသေးလေးတစ်ပွင့်ပဲပေးရတာလဲ?"

အဖြူရောင် ရှားစောင်းပန်းကို ရှန့် လက်ထဲကနေလှမ်းယူကာ ကျွန်တော် စိတ်တိုင်းမကျစွာ ပြောဆိုမိပါသည်။
First dateမှာ ဘယ်သူကများ ကိုယ့်ချစ်သူကို ပန်းသေးသေးလေးတစ်ပွင့်ပေးမှာလဲ ?

"စိတ်ဆိုးနေတာလား? ဒီပန်းက ပန်ဖို့အတွက်ပဲ ခူးလာတာ"

ကျွန်တော့်လက်ထဲကပန်းကိုပြန်ယူကာ ရှန် မြတ်မြတ်နိုးနိုးနမ်းနေသည်။ ထို့နောက် အိတ်ကပ်ထဲမှ ဘယ်ကတည်းက သယ်သွားသယ်လာ လုပ်နေတတ်မှန်းမသိသည့် ကလစ်မဲကို နှိုက်ကာ ကျွန်တော့်နားရွက်အထက်နားတွင် ကလစ်ဖြင့် ညှပ်ပြီးပန်းပန်ပေးပါတော့သည်။

အရာရာ ကိုးလ် (Complete)Donde viven las historias. Descúbrelo ahora