Part - 56

16K 402 22
                                    

အခန်း - ၅၆
Lighthouse Of Love 💜 အချစ်မီးပြတိုက်လေး

ဆရာဝန်ကိုကြီးဟာ နေ့လည်ကပဲ အရေးကြီးလို့ဆိုပြီးရန်ကုန်ပြန်သွားသည်တဲ့လေ။ ဒါကြောင့်သူဌေးလူကြီးကိုယ်တိုင် လက်ကိုဆေးထည့်ပေးလေသည်။ အဖျားတွေပါတိုင်းပေးသည့်အခါ အဖျားနည်းနည်းရှိသည်ဟု ထွက်လာလေသည်ကြောင့် ဆေးလုံး သောက်ရသေးသည်။

လွန်းငယ်စိတ်ကိုငြိမ်ငြိမ်ထား၍ သူဌေးလူကြီးမျက်လုံးတို့ကို တည့်တည့်ကြည့်ပြီးသည်နှင့်....။

"လောပန်းကိုလွန်းငယ်မြူဆွယ်ခဲ့မိလား"

"မမြူဆွယ်ပါဘူးကွာ ကိုယ်ကသာ ခလေးကိုမြူဆွယ်ခဲ့တာပါ"

"လွန်းငယ်ငွေမက်လို့လောပန်းကို ချစ်ခဲ့တာလား"

"မဟုတ်ဘူး ခလေးကအဲ့လိုလူစားမျိုးမဟုတ်ဘူး"

"သူဌေးတစ်ယောက်လုံးကိုရည်းစားတော်ထားတာဆ်ိုပြီး လောပန်းဆီကငွေတွေကို လွန်းငယ်တောင်းခဲ့ဖူးလား"

"မတောင်းခဲ့ပါဘူးကွာ ကိုယ်ကပေးချင်တာတောင် ခလေးကလက်မခံလို့ ကိုယ်ပေးခွင့်မရဘူးလေ"

"လွန်းငယ်ခန္ဓာကိုယ်နဲရင်းပြီး လောပန်းကိုမြူဆွယ်ခဲ့ဖူးလား....လောပန်းကို ဖျားယောင်းခဲ့ဘူးလား"

"ဟာ...ခလေးဘယ်လိုတွေပြောလိုက်တာလဲကွာ"

အသံလေးတိမ်ဝင်၍ ငိုသံဖြင့်မေးလာသည့်ခလေးက ခေါင်းလေးကိုငုံ့ထားလေ၏။

"အဲ့တာတွေက လွန်းငယ်ပြောတာမဟုတ်ဘူး"

"ဒါဆို မာမီ...."

ခေါင်းလေးကို တဆက်ဆက်ငြိမ့်ပြသည်။ ငုံ့နေသည့်မျက်ဝန်းလေးကလဲ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလို့ တအားကိုမှ ဝမ်းနည်း၍ ငိုနေခြင်းမျိုးဖြစ်သည်။ ဘာလို့အဲ့လောက်ကြီးထိ ပြောရတာလဲကွာ။ တစ်ခုချင်းစီကိုနားနား၍ ပြောပြသည့်ခလေးက မျက်ရည်မဆည်နိုင်စွာပင် ဖွင့်ဟပြောပြသည်။

"မာမီတို့ တော်တော်လွန်တာပဲ အဲတာတွေ ဘာလို့ကိုယ့်ကိုမပြောတာလဲကွာ ဟွန်..."

"လွန်းငယ်ကြောင့်လောပန်းတို့အဆင်မပြေမှာစိုးရိမ်လို့...လွန်းငယ်သည်းခံနိုင်မယ်လို့လဲထင်ခဲ့မိတာ"

Lighthouse Of Love (Completed)Donde viven las historias. Descúbrelo ahora