part 1(u+z)

12.3K 264 2
                                    

🍒🍒 .. ဧကပေါင်းများစွာ ကျယ်ဝန်းတဲ့ ခြံထဲမှာပန်းနုရောင်နဲ့ အဖြူရောင် ရောစပ်ထားတဲ့ အိမ်ကြီးထဲမှာ မိသားစု သုံးယောက် စကားပြောရင်း မနက်စာ စားသောက်နေကြသည်..
ထိုစဉ်.. အိမ်ကြီးထဲသို့. ဇိမ်ခံကား အဖြူရောင်တစ်စီးဟာ ဖြေးဆင်းစွာဝင်ရောက်လာပီး..ကားပေါ်တွင် လူလေးဉီးပါဝင်သည်..
အိမ်ရှေ့တွင် ကားရပ်ပီး ကားပေါ်က လေးယောက်သား တိတ်တဆိတ် ဆင်းလာကာ တစ်ပြိုင်တည်း နာမည်တစ်ခုကို .....
..........လရိပ် ရေ...လရိပ်..ငါတို့ရောက်ပီး...စူးစူးဝါးဝါးအသံဆိုးတို့ဖြင့်...

...အိမ်ထဲက မိသားစုမှာတို့ကတော့
ရိုးနေပီး ဖြစ်တဲ့အတွက်...မနက်စာဝိုင်းထဲမှ
သမီးရေ .သမီး သူငယ်ချင်းတွေ ရောက်နေပီး သွားခေါ်ခဲ့ချေ...လရိပ် ဒက်ဒီက ပြောပီး ..ကြီးတင်ရေ
လက်ဖ္ဘရည်ခွက် ထပ်ယူပေးပါအုံးဗျာ..
သမီးသူငယ်ချင်းတွေ ရောက်နေပီး.......
လရိပ်မာမီမှ အကိုရယ် ဒီအချိန်ဆို ကြီးတင် ဘုရားဝတ်ပြုနေပီးလေ ကျွန်မ သွားယူပေးမယ်......

လရိပ်အိမ်ရှေ့ ထွက်လာပီး နင်တို့ကလည်းစောလိုက်တာ.
ဘာလို့အဲ့လောက် အစောကြီးလာရတာလဲ အသံမပေးဘာမပေး လန့်လိုက်တာဟယ်..
လရိပ်အမေးကို အင်ကြင်းက ငယ်ချင်းကလည်း
ငါတို့ မနက်စာ တူတူစာဖို့လာတာလေ..
........ဟုတ်တယ်နော်....
ကျန်တဲ့ သုံးယောက်ကို မေးထိုးပြတော့ သုံးယောက်သားကလည်း ခေါင်းကို အသေ ငုတ်ချလေကာ..
အင်ကြင်းကတော့ လျင်မြန်စွာ အထဲဝင်သွားတော့သည်...
သုံးယောက်မှာတော့.စိုးမင်းထိုက်..ရဲလင်းအောင်.
နွေဉီးကဗျာ တို့ဖြစ်ပီး ဒင်းတို့က အင်ကြင်းနည်းတူ လရိပ်ကိုတောင် မစောင့်တော့ဘဲ ဝင်သွားကြချေပီး...
လေးယောက်လုံးက ဒိတ်ဒိတ်ကျဲ အသိုင်းဝိုင်းက ဖြစ်ပီး ကိုယ့်အိမ်မှာ မစားနိုင် မသောက်နိုင်တာ တစ်ယောက်မှ ပါ..သက်သက်မဲ့ လရိပ်သံစဉ် အိမ်မှာ လာစားကြတာ..
ဒါကလည်း လရိပ်တို့ အတွက်က ရိုးနေပီး..
လရိပ်တို့ သူငယ်ချင်းငါးယောက်က ကလေးဘဝတည်းက တစ်တွဲတွဲ.. ခုကြီးတော့လည်း တတွဲတွဲပဲ..
.....အင်ကြင်းနဲ့နွေဉီး ကတော့ ခုဆို ကလေးအထူးကုဆရာဝန်နဲ့ ခွဲစိတ်အထူးကု ဆရာဝန်တောင်ဖြစ်နေကြတာတောင် ခုထိကလေးဆန်ကြတုန်းပဲ..
..ရဲလင်း​​အောင်ကသူ့အဖ ပိုင်တဲ့ ခြံတွေ. စက်ရုံတွေ ကို ဉီးစီးပီးလုပ်ကိုင်ကာ စိုးမင်းထိုက်ကတော့ သူ့မိဘရဲ့
ကုမဏ္ဏီ ကိုဝင်ရောက် လုပ်ကိုင်နေပီး..ဖြစ်တယ်..
...ငါးယောက်ထဲမှာ လရိပ်ကတော့ မာမီပိုင်တဲ့ စိန်ရွှေရတနာဆိုင်မှာပဲ ဝိုင်းကူလုပ်ပေးတယ်...လရိပ်ဒက်ဒီရဲ့
ကုမဏ္ဏီကိုလည်း လရိပ်က စိတ်မဝင်စားပါဘူး..
......
......သောက်ကြ.. သောက်ကြ. သားတို့ ..သမီးတို့.
အန်ကယ်ကတော့ ဒီနေ့ အရေးကြီး ဆွေးနွေးစရာ ရှိလို့ သွားတော့မယ်....
ဒက်ဒီ ထွက်သွားပီး....လရိပ်မာမီမှ..သားတို့သမီးတို့က စားသောက်ပီး ဘယ်သွားကြမလဲကွယ်..ခုမှ သူငယ်ချင်းတွေ ဆုံတုန်းလေး ..အန်တီမော် ဘာစီစဉ်ပေးရမလဲပြော..
...ရတယ်အန်တီမော်.. သမီးတို့ ဒီနေ့.ဟိုကောင်ရဲလင်း လေ လံအောင်ထားတဲ့ ခြံကိုသွားကြမလို့..အန်တီကို တစ်ခါတည်း ခွင့်လာတောင်းတာ..
သမီးတို့ မန္တလေး ဘက်ကို သွားကြမှာ..မကြာပါဘူး..အန်တီမော်....
လရိပ်ကို သမီးတို့ ခေါ်သွားမယ်နော်...ဟုတ်တယ်မှတ်လား..ဟိုကောင်တွေ ...
ငါပဲပြောနေရတယ် နင်တို့ပါးစပ်က ဘာတွေငုံထားကြတာလဲ.အင်းကြင်းက ပြောမှ..ဟုတ်ပါတယ် အန်တီမော်..အကုန်လုံးက ဝိုင်းထောက်ခံပီး..
သမီးတို့ မပြောလည်း အန်တီမော်က လရိပ်ကိုထည့်ပါတယ်နော်..နောက်ဆို ဒင်းလေးက ဘယ်မှ ရောက်ဖူးမှာ မဟုတ်ဘူး.အိမ်နဲ့ ဆိုင်ပဲ ပတ်ချာရိုက်နေတာ..
လာခေါ်ကြတဲ့ သားတို့ သမီးတို့ကို အန်တီမော်ကတောင် ကျေးဇူးတင်သေးတယ်.
သမီးတို့က ဘယ်နှစ်ရက်ကြာမှာလဲ..
သုံးရက်ထဲပါ အန်တီမော် နွေဉီးက ဝင်ပြောလေသည်..
...သမီး လရိပ် အထုပ်သွားပြင်တော့..
..ဟုတ်ကဲ့.. မာမီ..
လရိပ်အိမ်ပေါ်တက်လာ ခဲ့ပီး ဟိုလေးယောက်ကတော့ မာမီနဲ့ ရီမောစွာ စကားပြောရင်းလရိပ်ကို စောင့်နေတော့သည်...
ခဏကြာ လရိပ်လည်း အိမ်အောက်သို့ ဆင်းလာပီး..
သမီးတို့ သွားတော့မယ် အန်တီမော်..
အေ...သွား..သွား.........ဟဲ့သမီးလရိပ် ညည်းအကြီးတင်ကို နှုတ်ဆက်ခဲ့အုံးလေ ည ည်းသွားရင် ဟိုကည ည်းကို လွမ်းနေတော့မှာ ..ည ည်းဒက်ဒီကိုတော့ စိတ်မမူနဲ့ မာမီပြောလိုက်မယ်..
လရိပ်လည်း ကြီးတင်ကို နှုတ်ဆက်ပီး..ခြံစောင့် အကို ဖိုးအေးကို ပါ တစ်ခါတည်း နှုတ်ဆက်ကာ အပြန်လက်ဆောင်ဝယ်ခဲ့မယ် .. ပြောကာ အိမ်ရှေ့သို့ ထွက်လာတော့ ဟိုလေးယောက်က ကားပေါ်တောင် ရောက်နေကြပီး ဘယ်လောက်သွားချင်နေမှန်းကို မသိဘူး..
လရိပ်လည်း ကားနောက်ခန်း ထဲ အဝတ်ထုပ်ကိုထည့်ပီး နွေဉီးနဲ့ အင်ကြင်းဘေး ဝင်ထိုင်ကာ.. ရှေ့ခန်းမှာတော့ စိုးမင်းထိုက်က မှောင်းသူ နေရာမှာ ရဲ့လင်းအောင်က ဘေးမှာ ..
အကုန်လုံးနေရာတကျဖြစ်ပီး ဆိုတော့ မာမီ ကို အကုန်လုံးနှုတ်ဆက်ကာ ခြံဝန်းထဲမှ ထွက်လာ..
မန္တလေး. . ခြံဝန်းစီသို့ ဉီးတည်တော့သည်..
.........................
ရန်ကုန်က ကားများတော့ ထုံးစံတိုင်းမီးပွိုင့်မိစောင့်နေစဉ်..ရဲလင်းအောင်က..စိုးမင်း.. မင်းမှောင်းတာ အဆင်ပြေလို့လား မင်းကစိတ်ဆက်တယ် ဟိုင်းဝေးလမ်းရောက်မှ မှောင်းမလား..ခုငါမှောင်းပေးမယ်လေကွာ.. .
ရတယ်.ရဲလင်း ဒီလောက်တော့ ငါစိတ်ရှည်ပါတယ်မင်းကကွာ.ငါ့ကို ပြောမယ်ဆိုတာပဲ..
ဟုတ်ပါတယ်. အားလုံးထဲမှာ စိုးမင်းထိုက် ကစိတ်မြန် လက်မြန်..တစ်ခုခုဆို သူ့ကိုပဲ စိတ်ပူရတာ..
မီးပွိင့်လည်း စိမ်းရော စိုးမင်းလည်း ပုံမှန် မှောင်းထွက်လာသည်...
....ပုံမှန် ကားမှောင်းနေစဉ် လမ်းခုလတ် တစ်နေရာမှ ကား အမဲရောင် တစ်စီးက ရုတ်တရက် ထွက်လာတော့ လရိပ်တို့ကားနဲ့ တိုက်မိမလိုဖြစ်ပီး စိုးမင်းက ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ကာ..
....တောက်စ်...
စိုးမင်း တောက်ခေါက်သံ ထွက်လာပီး.. ရုတ်တရက် ကားပေါ်မှ ဆင်းပီး ခပ်လှမ်းလှမ်းမှာ ရှိနေတဲ့ ကားအမဲစီသို့ ဉီးတည်နေသည်..
ရုတ်တရက်ဆို့တေည့ လရိပ်တို့လည်း ခဏမျှကြောင်နေတုန်း ..သတိပြန်ကပ်တော့ ကားထဲက အကုန်လုံးဆင်းကာ စိုးမင်းကို သွားဆွဲမလို့ကို..
ကားအမဲထဲမှ ထွက်လာတဲ့သူဟာလရိပ်ရဲ့အသက်ရူနှုန်းကိုရပ်တန့်စေတယ်..ပွဲတက် ဂါဝန်အဖြူရောင်လေးနဲ့ မျက်နှာမှာ ခက်ထန်နေပီး ဖြူဖွေးနေတဲ့ အသားရည်က ကြည်လဲ့နေသည်..သူမ ပါးစပ်က တစ်ခုခုပြောဖို့ရှိတုန်း..
စိုးမင်းက..မြေကြီးပေါ်က ခဲကို ကောက်ကာ သူ့ကားအမဲရောင် မီးသီးကို ထုခွဲပီးသွားပီး..ဒါတောင်မကျေနပ်သေးတဲ့ စိုးမင်းက ကားရှေ့မှန်ကိုပါ ထပ်ထုနေသည်...
..စိုးမင်းက ထပ်ကာထပ်ကာထုနေတုန်း ဂါဝန်အဖြူရောင်နဲ့ အမျိုးသမီးက ကားနောက်ခန်းထဲက ဒုတ်အမဲရောင် တစ်ချောင်းကို ယူပီး
စိုးမင်းခေါင်းကို အရှိန်ပြင်းစွာ ရိုက်ချကာ..
ဒီလိုလှပတဲ့ အမျိုးသမီးက ဘယ်ကအားတွေရှိမှန်းမသိ
စိုးမင်းရဲ့ ခေါင်းပေါ်က သွေးတွေ ချက်ခြင်း ထွက်ကျလာတယ်..
လရိပ်လည်း လျင်မြန်စွာ ထိုအမျိုး သမီးနားသို့ သွားပီး တားတော့ ထိုအမျိုးသမီးထံမှ
..နင့်အကောင်ကို နင်အရင်ပြောလေ..
ဘာလို့ ငါ့ကိုလာတားနေတာလဲ...နင့်အကောင်လုပ်တာ နင်မမြင်ဘူးလား ဟမ်...ငါ့ကားကို ဘလာကြီး လာလုပ်နေတာ...
ထိုအမျိုး သမီးက လရိပ်ကို ပြောလည်းပြော သူ့လက်ထဲက ဒုတ်အမဲရောင်ကို အောက်ချလိုက်ပီး..
စိုးမင်းက နဂိုတည်းက စိတ်ဆက်သူဆိုတော့ ထိုအမျိုး သမီးစီကို တည့်တည့်လာကာ ရုတ်တရက် လက်သီးဖြင့် အရှိန်ပြင်းပြင်း တစ်ချက်ထိုးတော့
ထိုအမျိုးသမီး အနောက်ကို ဖင်ထိုင်ရက်လဲ ကျသွား​လို့ လရိပ်က ထိုအမျိုးသမီးလေးကို အပြေးလေးထူပီး ထိုအမျိုးသမီး အသားကိုထိတော့ လရိပ်ရင်ထဲ အေးခနဲ့ခံစားလိုက်ရသည်...စိုးမင်းထိုက်.. နင်ဘယ်လိုလူလည်း..မိန်းကလေးတစ်ယောက်ကို အဲ့လောက်ထိလုပ်စရာလိုလို့လား.....
..နင်မတွေ့ဘူးလားလရိပ် သူကားက ငါတို့ကို တိုက်ဖို့လည်းလုပ်တယ်.ငါ့ခေါင်းကို သံချောင်းနဲ့လည်းရိုက်တာလေ..
ဘာလဲလရိပ်.. နင်က ကိုယ့်သူငယ်ချင်းထက်.အဲ့တစ်ယောက်ကို ဂရုစိုက်တယ်ပေါ့ ငါ့ခေါင်းမှာ သွေးတွေ နင်မမြင်ဘူးလား...
..ထိုအမျိုးသမီးမှ လရိပ်ကို တစ်ချက်ကြည့်တာ.
သူ့ပါးစပ်က သွေးစကို လက်ဖမိုးနဲ့သုပ်ပီး ဒီမှာကောင်လေး မင်းဘဝရဲ့ အရေးကြီးဆုံး ဆိုတဲ့ အရာတွေ မှန်သမျှ တစ်နေ့ ငါ့ခြေထောက်အောက်မှာ ခစားစေရမှာကို မင်းစောင့်ကြည့်နေလိုက် အဲ့ဒါ ငါ့ရဲ့အသား နာကျင်မှုရဲ့ တန်ရာတန်ကြေးပဲ...

.....
.....2

မင်းက ငါ့အပိုင်Where stories live. Discover now