part 20

2.6K 205 18
                                    

🍒🍒🍒  စနေနေ့မို့ တေးသွားတို့ကျောင်းမသွားရပေ။ ကျူရှင်သင်မည့်ကလေးတွေက မကြာခင်ရောက်တော့မည်ဖြစ်သောကြောင့် ရေချိုးပြီး အခန်းထဲတွင် သနပ်ခါးလိမ်းနေသည်။ ဟို့တစ်နေ့က တေးသွားကိုအန်တီက ရှင်မတောင်သနပ်ခါးတုံးတွေ လက်ဆောင်ပေးခဲ့သေးသည်။

အိမ်ထဲမှာပဲဖြစ်သည့်အတွက် ပေါ့ပေါ့ပါးပါးဖြစ်အောင် အပွင့်နုတ်လေးတွေပါသည့်ဂါဝန်တစ်ထည်ကိုရွေးဝတ်လိုက်သည်။ မခြောက်တခြောက်ဖြစ်နေတဲ့ ဆံနွယ်တွေကို ဖြန့်ချထားလိုက်သည်။ အားလုံးပြီးစီးသွားတော့ မီးဖိုချောင်တွင် အလုပ်ရှုပ်နေတဲ့ ဒေါ်လေးကိုဝိုင်းကူဖို့ဝင်လာခဲ့သည်။

"ဒေါ်လေး သမီးဘာဝိုင်းကူပေးရမလဲ"

"ရပါတယ်ကွယ်...အိမ်ရှေ့မှာသွားနေချေ ခဏနေကလေးတွေက ရောက်လာတော့မှာ..ဒါနဲ့ငါ့သမီးဗိုက်ရှာနေပြီးလား.."

မရှာသေးပါဘူး..

"သမီးကြိုက်တတ်တဲ့ ငါးနီတူကြော်ပေးမလို့"
အိမ်ရှေ့မှာအသံကြားတယ် ကလေးတွေရောက်ပြီးထင်တယ်။

"ဟုတ်ကဲ့ ဒေါ်လေး"

အိမ်ရှေ့ ထွက်လာတော့ လှေကားခါးတွင် ဖိနပ်ချွတ်နေသည့် မြစိမ်းရောင်ဝမ်းဆက်လေးဝတ်ထားတဲ့ အန်တီကိုတွေ့ရသည်။

"အန်တီ ဘာလာလုပ်တာလဲ!"

နှုတ်ဆက်သည့်စကားလေးကြောင့် ဒေါ်ကလျာအမောမပြေပါ။ကိုယ်ကသာ မရှိတဲ့အချိန်ကိုဖဲ့ပြီး မနေနိုင်လွန်းလို့အရောက်လာခဲ့ပေမဲ့ သမီးဘက်ကကြိုဆိုမနေပါ။

မျက်စောင်းလေးထိုးကာ သမီးရဲ့ပုခုံးကိုတိုးတိုက်ပြီး အထဲဝင်လာခဲ့သည်။အိမ်ရှင်က ဧည့်မခံပေမဲ့ ဧည့်ခန်းကသစ်သားခုံပေါ်တွင်ဝင်ထိုင်လိုက်သည်။

တေးသွားလည်း အန်တီအနောက်မှလိုက်လာကာ ဘေးတွင်ဝင်ထိုင်လိုက်သည်။ အန်တီဘာသောက်မှာလဲ တေးသွားလုပ်ပေးမယ်လေ။

"ဘာမှမသောက်ဘူး၊လုပ်ပေးမနေနဲ့"

ပုံမှန်မဟုတ်တဲ့လေသံကြောင့် တေးသွားသိလိုက်ပါပြီး။ခဏနော် သမီးပြန်ထွက်လာခဲ့မယ်။

နောက်ဖေးထဲ ပြေးဝင်သွားတဲ့ သမီးကို ကလျာမကြည့်ပဲ အကြည့်လွှဲလိုက်သည်။ ပြောသာပြော သမီးတို့အိမ်က တော်တော်ပူတယ်ဟု ဆိုရမည်။ကလျာဧည့်ခန်းမှာထိုင်နေတာ ဘယ်လောက်မှမကြာလိုက်ပါ နဖူးထက်ကချွေးစလေးတွေက ထွက်လာစပြုနေသည်။ ယပ်ခက်ချင်ပေမဲ့ ယပ်တောင်အား မရှာမိပေ။ကြီးကျယ်တယ်လို့ ပြောခံထိနေမှဖြင့်။

မင်းက ငါ့အပိုင်Where stories live. Discover now