part 21

5.3K 263 36
                                    

🍒🍒🍒  ဒီနေ့ မမလရိပ်တို့ ပြန်ရောက်မည့်နေ့ဖြစ်သည်။ အန်တီက တေးသွားကို အသိပေးထားခဲ့သည်။ မမလရိပ်က ဘယ်လိုနေမလဲမသိပေမဲ့ တေးသွားကတော့ ရင်ပူနေလှသည်။ စာသာသင်နေပေမဲ့ စိတ်က ဂနာမငြိမ်ပေ။ ကျောင်းဆင်းချိန်ကို မျှော်နေမိသည်။

ခြံဝန်းထဲသို့ လွန်းရဲ့ကားလေးဝင်လာသည်ဆိုရုံဖြင့် ဖွားဖွားက ဆင်ဝင်အောက်တွင်ထိုင်စောင့်နေသည်။

   " ဖွားဖွားမြေးတွေ ပြန်လာကြပြီပေါ့"
ကားပေါ်မှ ချက်ချင်းဆင်းလာကာ ဖွားဖွားကိုပြေးဖက်လိုက်လေသည်။ လွန်းလည်း ဖွားဖွားနဲ့တီလေး ကို လွမ်းနေတာ။

"မြေးရဲ့မိန်းကလေးကို အိမ်ထဲခေါ်ခဲ့အုံးကွယ်"

ဟုတ်ကဲ့...ဖွားဖွား။

အိမ်ထဲပြန်ဝင်သွားပြီဖြစ်တဲ့ ဖွားဖွားကို လှမ်းကြည့်ကာ ကားပေါ်တွင် ကုတ်ကပ်နေတဲ့ကောင်မလေးကို တံခါးဖွင့်ပေးလိုက်သည်။

"ဘာမှကြောက်မနေနဲ့..ဖွားဖွားနဲ့တီလေးက အရမ်းစိတ်ကောင်းတာ၊အစ်မတို့ပြန်လာမယ်ဆိုလို့ တီလေးက ဆေးရုံတောင်မသွားဘူး"

အစ်မရဲ့လက်မောင်းတစ်ဖက်ကို အားကိုးတကြီးဖက်တွယ်ထားကာ အစ်မခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာခဲ့သည်။ အစ်မကသာ ဘာမှမဖြစ်ပေမဲ့ လရိပ်ကတော့ အခုချက်ချင်းအငွေ့ပဲဖြစ်လိုက်ချင်တော့သည်။

ပြောင်လက်နေသည့်ဧည့်ခန်းနှင့်အတူ ထိုင်ခုံ၏ထိပ်ဆုံးတွင် အစ်မရဲ့ဖွားဖွားနဲ့ တီလေးဆိုသူက ထိုင်စောင့်နေသည်။

ဆိုဖာပေါ်တွင် လရိပ်တို့နှစ်ယောက်လုံးဝင်ထိုင်လိုက်လေသည်။

"ဖွားဖွားနဲ့တီလေး သူက လွန်းမိန်းမပဲ"

ဘွင်းဘွင်းကြီးပြောချလိုက်တဲ့ လွန်းအိမ်ထက်မြတ်ကြောင့် ဒေါ်ကလျာမှာအကြည့်လွှဲလိုက်ရသလို လရိပ်မှာလည်း ခေါင်းငုံ့ထားရတော့သည်။

အကြည်ဓာတ်လေးနဲ့အေးချမ်းလွန်းလှတဲ့သမီးလေးဟာ တစ်ချိန်က သူ့ချစ်သူနဲ့စေ့စပ်မဲ့သူမှတ်လား။လွန်းသာ ဝင်မရှုပ်ခဲ့ရင် အခုလောက်ဆို လက်ထပ်ကြပြီးရောပေါ့။

မင်းက ငါ့အပိုင်Where stories live. Discover now