part 15

2.8K 224 25
                                    

🍒🍒🍒 အိမ်နောက်ဖေး မီးဖိုချောင်တွင် ဒေါ်ရီးနဲ့အတူ လရိပ်ထမင်းချက်နေသည်။လရိပ်က အိမ်မှာဆို ခြေမွှေးမီးမလောင်၊လက်မွှေးမီးမလောင် နေရတယ်ဆိုပေမဲ့ အစ်မက လရိပ်ကိုခိုးပြေးပီး သုံးရက်မြှောက်နေ့မှာ ထင်းနဲ့ထမင်းတွေကို လရိပ်ချက်တတ်သွားခဲ့ပီး။ရန်ကုန်သူဖြစ်တဲ့လရိပ်ကိုအစ်မရဲ့အဒေါ်က ထမင်းချက်သင်ပေးခဲ့သည်။အိမ်ထောင်တစ်ခုမှာ အိမ်ရှင်မက အိမ်မှုကိစ္စတွေအကုန်နိုင်နင်းရမယ်တဲ့လေ။

ထင်းကမီးမတောက်တာကြောင့် ဒေါ်ရီးလုပ်ထားတဲ့ဝါးမီးပြောင်းဖြင့် တဝီတဝီမြည်အောင် လရိပ်လေမှုတ်ထည့်နေသည်။

ဒီတော့မှ ထင်းမီးကအနည်းငယ် တောက်လာခဲ့သည်။ လရိပ်ရဲ့ဉီးခေါင်းပေါ်တွင်လည်း ပြာမှုန့်တွေက ဝေဝေဆာဆာတင်လို့နေသည်။

ဒေါ်ရီးကတော့ မြေပေါ်တွင်စဉ်းနီတုံးချပီး ကြက်သားတွေကိုခုတ်ထစ်နေသည်။ ဒီနေ့လရိပ်နဲ့အစ်မကို အားရှိအောင်ကြက်သားချက်ကျွေးမယ်တဲ့လေ။

တေးသွားလိပ်ပြာ!... တေးသွားလိပ်ပြာ!
သူများအလုပ်လုပ်နေတဲ့ဟာကို အခုမှရွာထဲကပြန်လာတဲ့အစ်မ အိမ်ပေါ်တတ်မလာဘဲ ​ခြံပေါက်ဝတွင်
လရိပ်နာမည်ကိုတကျော်ကျော်အော်
ခေါ်နေသည်။

ရွာကလူတွေက လရိပ်နဲ့အစ်မကို ဝမ်းကွဲညီအစ်မတွေလို့ထင်ကြပေမဲ့ လရိပ်တို့နှစ်ယောက်ဟာ ခိုးရာလိုက်ပြေးလာကြောင်းကို ဒေါ်ရီးကအားလုံးကိုပြောပြတဲ့အချိန်တုန်းကဆို တစ်ရွာလုံးကအံ့သြကုန်သည်။ဒီရွာမှာက မိန်းကလေးအချင်းချင်းလက်ထက်ကြတာ မရှိသေးတော့ အားလုံးအံသြနေသည်။ မိန်းကလေးအချင်းချင်းခိုးရာလိုက်ပြေးလို့ လရိပ်တို့နှစ်ယောက်ကိုနှမျောတဲ့သူတွေကလည်းရှိကြသည်။

လရိပ်က မထွက်လာတာကြောင့် လွန်းအိမ်စိတ်တိုစွာအိမ်ပေါ်တတ်လာခဲ့သည်။ မီးဖိုရှေ့တွင် မီးထိုင်မှုတ်နေတဲ့ လရိပ်ကိုမြင်တော့ လရိပ်ကိုင်ထားတဲ့မီးပြောင်းကို အောက်သို့ပုတ်ချလိုက်သည်။

"မင်းအလုပ်က အဲ့လောက်အရေးကြီးနေတာလား။ကြီးတော်ရီးက လွန်း မိန်းမကိုထမင်းချက်ခိုင်းနေတာပေါ့"

မင်းက ငါ့အပိုင်Where stories live. Discover now