part 18

2.5K 187 8
                                    

🍒🍒🍒 နေပြန်ကောင်းလာပြီဖြစ်တဲ့ မမက လရိပ်ကို စကားကောင်းကောင်းမပြောပါ။ နေမကောင်းဖြစ်
နေတဲ့အချိန်တုန်းက လရိပ်ကိုအိပ်ယာခွဲအိပ်ခိုင်းလေသည်။

ငါ့အဖျားတွေမင်းဆီကူးမှာဆိုတဲ့ အကြောင်းပြချက်နှင့်အတူ အိပ်ခိုင်းလေသည်။ လရိပ်စိတ်ပူလို့ တစ်ခုတခုပြောမိတယ်ဆိုရင်ဖြင့် ငါနေကောင်းတာနဲ့မင်းကိုပြန်ပို့ပေးမှာ စိတ်မပူနဲ့ဟူ၍ ခပ်ပြက်ပြက်စကားတစ်ခွန်းသာတုံ့ပြန်လေသည်။

ဒေါ်ရီးက သူ့အိပ်ခန်းထဲသို့ပြန်ဝင်သွားခဲ့ပြီ။ မမကလည်း ဒေါ်ရီးနည်းတူအခန်းထဲဝင်သွားခဲ့ပြီ။အပြင်တွင် လရိပ်တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ပူပြင်းနေတဲ့နွေရာသီနဲ့အတူ လရိပ်ရင်ထဲတွင် အပူမီးတွေတောက်လောင်နေသည်။

လ​ပြည့်ညမို့ ဘေးအိမ်တွင် ဆော့နေကြသည့်ကလေးငယ်များ၏ရယ်မောသံကို ကြားနေရသည်။ အိမ်ရှေ့တွင်ထိုင်ကာ ကောင်းကင်းကြီးအားငေးမောကာ တွေဝေနေမည့်အတူတူ ကလေးများကစားနေသည့် နေရာသို့ ထွက်လာခဲ့သည်။

"မမလရိပ် လာတယ်ဟေ့!! သမီးတို့နဲ့တူတူကစားမယ်မှတ်လား"

ရောက်သည်ဆိုရုံဖြင့် ကစားနေသည့်အဖွဲ့ထဲမှ ကလေးငယ်တစ်ချို့က လရိပ်လက်ကိုအတင်းဆွဲကြလေသည်။ လရိပ်ကလေးဘဝတုန်းက ခုလိုဖုံတလူးလူးထဲတွင် တစ်ခါမှမကစားဘူးခဲ့ပေ။

မမ မဆော့တော့ဘူး၊ကလေးတို့ပဲဆော့ကြပါ။ ဘေးက ထိုင်ပြီးအားပေးနေပေးမယ်။ကလေးတွေနဲ့တွေ့ရတော့ မွှန်းကြပ်နေသည့်လရိပ်ရဲ့စိတ်တွေ အနည်းငယ်ဖြေပျောက်သွားရသည်။

စည်းမျည်းတွေဆွဲကာ တစ်ဖက်ခုနှစ်ယောက်ဆီဖြင့် ကစားနေကြသည်။ကလေးတွေအခေါ်အရဆို ထုပ်စီးထိုးတမ်း ကစားနေကြသည်။ ညကိုးနာရီဝန်းကျင်တွင်
ကလေးများက မမောတမ်းကစားနေကြသည်။ညလေပြေတွေကလည်း ခပ်အေးအေးတိုက်ခက်နေတာကြောင့် မမောမမ်းနိုင်ကြပေ။

ငါမဆော့တော့ဘူး..ကိုးနာရီခွဲရင် ငါ့အမေကအိမ်ပြန်လာဖို့မှာထားတယ်!

"ခဏနေပါအုံးဟယ်။နင်ပြန်သွားရင် ငါတိူ့ကစားဝိုင်းပျက်သွားမှာ"

မင်းက ငါ့အပိုင်Where stories live. Discover now