🍒🍒🍒 အန်တီတောင်းထားတဲ့အဖြေကို သမီးဘက်ကအဆင်သင့်ဖြစ်ပြီးလား။ ဘာပဲဖြစ်နေပါစေ အန်တီလက်ခံနိုင်ပါတယ်ကွယ်။
ဒေါ်ကလျာမှာ ဆရာမတေးသွား၏လက်ဖမိုးနုနုလေးကို
ဖွဖွလေးကိုင်ကာ နှစ်ကိုယ်စားအဖြေတောင်းနေသည်။တေးသွားမှာလည်း ဒေါက်တာအန်တီက စိုက်ကြည့်နေတာကြောင့် ပါးပြင်ပေါ်တွင် ပန်းနုရောင်နီနီမြန်းမြန်းတွေဖြစ်ပေါ်လာကာ ရှက်သွေးဖျာနေမိသည်။ သူ့ရဲ့ခံစားချက်ကိုလည်း မညှာချင်တော့ပါ။ ဒေါက်တာအန်တီနဲ့တူတူပါလာတဲ့ အန်ကယ်ရဲ့အကြည့်တွေကိုလည်း သဘောမကျပါ။ဒေါက်တာအန်တီနဲ့ဒီတစ်ချိန်ဝေးသွားရရင် ကိုယ့်နှလုံးသားအကြောင်းကို သိနေတာကြောင့် မျက်လွှာလေးချကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
ဤအခြေနေကို အကြည့်မလွှဲတမ်းကြည့်နေတဲ့ဒေါ်ကလျာမှာ ရှက်သွေးဖြာနေတဲ့တေးသွားကို ရင်ခွင်ထဲသို့ဆွဲသွင်းခဲ့လေသည်။
"အန်တီ..! ဆိုင်ထဲမှာသူများတွေ ရှိနေတယ်လေ"
ရှိပါလိမ့်စေ။သမီးနဲ့ပတ်သက်ရင် အန်တီအရှက်မရှိတော့ဘူး! သူ့ရင်ခွင်ထဲက အကောင်ပေါက်လေးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ရှက်လို့ထင်ပါရဲ့ ခေါင်းတောင်မဖော်တော့ချေ။
ရင်ခွင်ထဲက အကောင်ပေါက်ဲရဲ့မေးဖျားကိုအသားလေးဆွဲကိုင်ကာ သူ့အားမော့ကြည့်စေသည်။သမီးရဲ့နှုတ်ခမ်းကချစ်တယ်လို့ဖြေပါအုံးကွယ်..အန်တီကြားချင်လို့ပါ။
"ဟွန့်...သူများဆိုင်ထဲမှာလေ အန်တီကလည်း တေးသွားရှက်တယ်"
"ဖြေပါအုံး သမီးရယ်။ အန်တီကြားချင်လို့ပါကွယ်"
"ဟင့်..ချစ်သူကမဖြစ်ရသေးဘူး၊သူများကို အနိုင့်ကျင့်ချင်နေပြီး။
အန်တီကို အရမ်းချစ်တယ်၊အန်တီနဲ့ပဲလက်ထပ်ချင်တယ်.."ရပြီးလား..ဒေါက်တာအန်တီ!
"အန်တီသေချာမကြားရလို့ နောက်တစ်ခေါက်လောက်ပြန်ပြောပါအုံးကွယ်"
"အန်တီကို... အရမ်း..အရမ်းချစ်တယ်ရှင့်"
တေးသွားမှာရှက်လွန်းလို့ အန်တီရင်ခွင်ထဲတွင် ဝင်ပုန်းနေတော့သည်။ တေးသွားနဲ့အန်တီကို တစ်ခြားသူတွေကြည့်နေကြမှာ သေချာတယ်။
YOU ARE READING
မင်းက ငါ့အပိုင်
Romanceလူကုန်တန် သူဌေး မျိုးရိုးက ဆင်းသက်လာပြီး စိတ်သဘောထားကောင်းမွန်ကာ ပွင့်ပွင့် လင်းလင်း နေထိုင်တဲ့ ....သူဌေးသမီးလေး "လရိပ်သံစဉ်".... .....ရိုင်းစိုင်းတယ်.. သူများက တစ်ချက်ဆို ကိုယ်က သုံးချက်လောက် လုပ်ရမှ ကြေနပ်တဲ့ လူစားမျိုး......."လွန်းအိမ်ထက်မြတ်" ...