🍒🍒🍒 ဒေါ်ကလျာမှာ လေးဆင့်ချိုင့်လေးဆွဲကာ အ.ထ.က ကျောင်းဝန်းထဲသို့ဝင်လာလေသည်။ ဆေးရုံကနေတန်းလာတာဖြစ်သည့်အတွက် ပါတိတ်အုတ်ကျိုးရောင်လေးကိုသာ ဝတ်ဆင်လာခဲ့သည်။
၁၁နာရီခွဲဖြစ်တာကြောင့် နေ့လည်ကျောင်းမဆင်းသေးပေ။သမီးထမင်းစားလို့မှီအောင် အရောက်လာခဲ့တာဆို ပိုမှန်လိမ့်မည်။ ညတုန်းက ကလျာနှင့်သမီး ဖြစ်သူတွေဖြစ်သွားကြောင်း မေမေ့ကိုပြောပြတော့ သဘောကျကာ ခေါင်းငြိမ့်လေသည်။ ကလေးမလေး
ပြန်ချစ်နိုင်လို့ တော်သေးတယ်တဲ့ နို့မို့ဆို ငါတို့အပျိုကြီး အသက်မြန်မြန်တိုမှာတဲ့လေ။ဂျူတီoffဖို့ လက်ထောက်ဒေါက်တာခင်လေးသွယ်ဖြင့် ချိန်းခဲ့ရသေးသည်။
နှစ်ထပ်ဆောင်၏အပေါ်ထပ်တွင် ကိုးတန်းBအခန်းကို ရူပဗေဒသင်ကြားနေအောင် ဆရာမတေးသွားလိပ်ပြာမှာ ဒေါက်တာအန်တီဝင်လာသည်ကို အပေါ်စီးကနေလှမ်းမြင်နေရသည်။ စာသင်ရင်းတန်းလန်း အခုန်မြန်လာသည့် နှလုံးသားလေးကိုမနည်းထိန်းနေရသလို ကလေးတွေရှေ့တွင် အမူယာပျက်ယွင်းမှာစိုးလို့ ဟန်မပျက်နေ,နေရသည်။
နောက်ထပ် မိနစ်၃၀ဆို ထမင်းစားဆင်းပြီဖြစ်လို့ သင်ကြားထားပြီးဖြစ်တဲ့ unitအသီးသီးက definitions တွေကို ပြန်ဆိုခိုင်းလိုက်သည်။ ကလေးတွေစာဆိုနေတုန်း သူမသည်လည်း ထဘီအနားစတွေကို ညီညာအောင်ပြင်ဝတ်နေသလို့ ဆံထုံးထုံးထားသည့်တိုင် ဝဲကျချင်နေသည့် ဆံနွယ်မျှင်မျှင်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သပ်တင်နေမိသည်။ ရင်ဖုံးခါးတိုလေးကိုလည်း ခါးမလစ်အောင် အောက်ဆွဲချလိုက်သည်။ပန်ထားသည့်နှင်းဆီပွင့်လေးကိုလည်း နေရာပြန်ရွေ့လိုက်သည်။
ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ကလေးများကနှုတ်ဆက်ကာ အခန်းထဲမှပြန်ထွက်လာခဲ့သည်။ အခုဆိုရင် ကျောင်းအုပ်ကြီးရုံးခန်းမှာ ကျောင်းအုပ်ကြီးနှင့်အန်တီစကားပြောနေလောက်ရောပေါ့။
ဝရံတာဘက်တွင် နှုတ်ဆက်နေသည့်ကလေးငယ်များအား ပြန်၍ပြုံးပြကာ ဆရာများနားနေခန်းသို့ ဝင်လာခဲ့သည်။ ခြင်းထောင်းထဲမှ ဒေါ်လေးထည့်ပေးခဲ့သော ထမင်းချိုင့်အားယူကာ ဆရာမဖူးပွင့်အောင်တို့နှင့်စားနေကျနေရာဝင် ထိုင်လိုက်သည်။ ဆရာမဖူးပွင့်အောင်တို့က အခုထိအခန်းထဲသို့ရောက်မလာကြသေးပေ။
YOU ARE READING
မင်းက ငါ့အပိုင်
Romanceလူကုန်တန် သူဌေး မျိုးရိုးက ဆင်းသက်လာပြီး စိတ်သဘောထားကောင်းမွန်ကာ ပွင့်ပွင့် လင်းလင်း နေထိုင်တဲ့ ....သူဌေးသမီးလေး "လရိပ်သံစဉ်".... .....ရိုင်းစိုင်းတယ်.. သူများက တစ်ချက်ဆို ကိုယ်က သုံးချက်လောက် လုပ်ရမှ ကြေနပ်တဲ့ လူစားမျိုး......."လွန်းအိမ်ထက်မြတ်" ...