🍇🍇🍇 တေးသွား.. မမနဲ့အတူကျောင်းတော်ကြီးစီသို့ လမ်းလျှောက်လာသည်..
မမ ..သူ့ကားနဲ့လိုက်ပို့မယ်ပြောသော်လည်း တေးသွားမလာချင်ပါ။
.........
...
ကျောင်းရှေ့ရောက်တော့ မမလရိပ်ကိုလက်ပြနှုတ်ဆက်ကာ..ခြင်းလေးဆွဲပီး ကျောင်းဝန်းထဲသို့ တစ်လှမ်းချင်းဝင်လာသည်။
..... .. ..
အရှေ့တည့်တည့်မှာ လမ်းလျှောက်လာတာက တပည့်မလေး ဝတ်ရည်နှင်း။ မျက်နှာတည်တည်ဖြင့် သူ့ကိုတစ်ချက်မှမကြည့်ဘဲ ကျော်တတ်သွားသည်။လက်ထဲမှာလည်း နေ့တိုင်းပေးနေကျ နှင်းဆီပန်းအဖြူရောင်တစ်ပွင့်ကို ကိုင်ထားဆဲ။..တေးသွားနောက်ပြန် လှည့်ကာဖြည်းဖြည်းချင်း ဝေးကွာသွားတဲ့ ကျောပြင်လေးကိုကြည့်နေတယ်။
ဝမ်းနည်းတယ်။စိတ်မကောင်းဖြစ်တယ်။ဒီပုံတိုင်းဆို ဒီကလေး လမ်းမှားရောက်မှာ။မနေ့က သူပြောလိုက်တဲ့စကားက ဒီကလေးလေးနဲ့ဒီလိုခပ်တန်းတန်း အခြေနေမျိုး မဟုတ်။
....,..:: .. သမီးလေး ဝတ်ရည်နှင်း..
..တေးသွားနှုတ်က လှမ်းအော်လိုက်ကာ။
ဆရာမ ခေါ်သံကြောင့် ဝတ်ရည်နှင်းရဲ့ ခြေအစုံဟာ ချက်ချင်းရပ်သွားသည်။
တေးသွားလည်း မပြေးရုံတမယ် ခြေလှမ်းမြန်မြန်ဖြင့်
ဝတ်ရည်နှင်းရှေ့ ဝင်ရပ်ကာ....သမီးလက်ထဲက နှင်ဆီပန်း ကို ဆရာမပန်ခွင့်ရှိမလား...
တုန်ရီနေသော လက်ဖြင့် တေးသွားရှေ့ကို ပန်းလေးရောက်လာသည်။
....---ပျော်သည်။အလွန်ဝမ်းသာမိသည်။ဒီပန်းက အမြဲတမ်း
ဆရာမတစ်ယောက်တွက်ပဲ ယူလာနေကြ။ဒီပန်းကို အမြဲတမ်း ဆရာမကိုပဲ ပန်နေစေချင်တာ..ပိုင်ရှင်ရှိနေတဲ့ သူတစ်ယောက်ဆိုတာ သိရဲ့သားနဲ့ သူ့ဘက်ကဆင်ခြင်ရမှာလို့ တွေးပီး..ဆရာမကိုတွေ့သော်လည်း..မပေးပဲ ကျော်တတ်လာခဲ့သည်။
...ခုတော့ ဆရာမက သူ့လက်ထဲကပန်းကို ပန်ချင်လွန်းလို့ ခွင်တောင်းတယ်တဲ့လား..###
"""!!"ဒီနှင်းဆီပန်းက နေ့တိုင်း ဆရာမတစ်ယောက်တွက်ပဲ သမီးယူလာတာပါ။.!!"""....
... .. ...
...
တေးသွားပြုံးပြလိုက်ကာ..နေ့တိုင်းဆရာမကို ပန်းလာပေးလာပေးမှာသေချာလား...ခုလိုမပေးပဲ မသိဟန်ဆောင် သွားရင် ဆရာမကြိမ်လုံးလေနဲ့ ရိုက်မှာနော်....
YOU ARE READING
မင်းက ငါ့အပိုင်
Romanceလူကုန်တန် သူဌေး မျိုးရိုးက ဆင်းသက်လာပြီး စိတ်သဘောထားကောင်းမွန်ကာ ပွင့်ပွင့် လင်းလင်း နေထိုင်တဲ့ ....သူဌေးသမီးလေး "လရိပ်သံစဉ်".... .....ရိုင်းစိုင်းတယ်.. သူများက တစ်ချက်ဆို ကိုယ်က သုံးချက်လောက် လုပ်ရမှ ကြေနပ်တဲ့ လူစားမျိုး......."လွန်းအိမ်ထက်မြတ်" ...