🍒🍒🍒 "ဒီဘက်တိုးလေ!ဟို့ဘက်ကိုဘာလို့အတင်းတိုးနေတာလဲ..."
လူသွားလူလာ ရှုပ်ယှက်ခတ်နေတဲ့ကြားထဲ လရိပ်က သူ့ဘက်မလာဘဲ ခပ်ခွာခွာသွားနေတာကြောင့် လွန်းအိမ်ထက်မြတ်တစ်ယောက် ဟောက်နေသည်။
"...."
ကားပါကင်နားရောက်တော့ လရိပ်ကချက်ချင်းကားပေါ်တတ်ကာ သေချာထိုးပေးလိုက်သည်။လရိပ်မဆင်းခင် "လွန်း"က ကားပေါ်သို့တက်လာသည်။
"အစ်မ.. ဘာဖြစ်လိုလဲ"
ဘာမှမဖြစ်ဘူး..မင်းလည်းကားပေါ်ကမဆင်းသေးနဲ့။ မင်းနဲ့ငါ စရင်းရှင်းစရာရှိတယ် ။
ဟိုကျောင်းဆရာမလေးက မင်းရဲ့ညီမလား..??
ညီမ မဟုတ်ဘူး..တေးလေးက လရိပ်နဲ့မကြာခင်လက်ထပ်တော့မယ် လရိပ်ရဲ့အမျိုးသမီး။
ဘာ!.."မင်းတို့နှစ်ယောက် လက်ထပ်မယ်"
ဒါဆိုမင်းအကောင် ဟိုလူ့အရိုင်းအစိုင်းကရော.."လရိပ်မှာ ဘာအကောင်မှမရှိဘူး"
ခုမှမသိဟန်ဆောင်မနေနဲ့။
မင်းနဲ့ငါ စတွေ့တည်းက မင်းကိုသဲသဲလှုပ်ဖြစ်ပျက်နေတဲ့ မင်းအကောင်လေ။"လရိပ်တို့က သူငယ်ချင်းတွေပဲ"
ဟုတ်လား... ထားပါ အဲ့တာငါနဲ့မဆိုင်ဘူး။
မင်းက lesbainလား..
"လိင်တူစိတ်ဝင်စားတယ်ပေါ့"ဟုတ်တယ်။ လရိပ်က lesbainပဲ။ ကောင်မလေးတစ်ယောက်ကို စတွေ့တဲ့နေ့ကစပီး lesbain ဖြစ်သွားတာ။
"ငါကတော့ လိင်တူစိတ်ဝင်စားနဲ့သူဆို သိပ့်ရွံ့တာ ။ ငါ့တီလေးကတော့ ချို့ယွင်းချက်ပေါ့"
မင်းနဲ့ကျောင်းဆရာမနဲ့ လက်ထပ်လိုက်ရင် ငါ့တီလေးကဘယ်လိုလုပ်မှာလဲ။တီလေးပုံစံကိုလည်း မင်းမြင်ပီးပီးပဲ။ သူဒီထက်ပျက်စီးသွားမှာကို မင်းမြင်ချင်လို့လား..
အဲ့တာလရိပ်နဲ့ဘာဆိုင်လဲ!!
သူမင်းအပေါ်ခံစားချက်မရှိဘူးဆိုတာ မင်းမရိပ်မိဘူးလား..။အဲ့ဆရာမလေးနဲ့လက်ထပ်မဲ့ ကိစ္စကိုမင်းဘက်ကဖျက်သိမ်းပေးလိုက်။
"ဟင့်အင်း.. လရိပ်မဖျက်သိမ်းပေးနိုင်ဘူး"
မင်းက တော်တော်ပြောရဆိုရလက်ပေါက်ကက်ပါလား..။ အဲ့ဆရာမကရော" မင်းကိုချစ်တယ်လို့ထင်နေတာလား.."
YOU ARE READING
မင်းက ငါ့အပိုင်
Romanceလူကုန်တန် သူဌေး မျိုးရိုးက ဆင်းသက်လာပြီး စိတ်သဘောထားကောင်းမွန်ကာ ပွင့်ပွင့် လင်းလင်း နေထိုင်တဲ့ ....သူဌေးသမီးလေး "လရိပ်သံစဉ်".... .....ရိုင်းစိုင်းတယ်.. သူများက တစ်ချက်ဆို ကိုယ်က သုံးချက်လောက် လုပ်ရမှ ကြေနပ်တဲ့ လူစားမျိုး......."လွန်းအိမ်ထက်မြတ်" ...