🍒🍒🍒ဒေါက်တာဒေါ်ကလျာ ထွက်သွားပီး မကြာပါ
လရိပ်အထုပ်တစ်ထုပ်ဆွဲကာ ချက်ချင်းရောက်လာသည်အခန်းထဲမှာ ကျောင်းအုပ်ဆရာမဒေါ်စောယုနွယ်နဲ့သူနာပြုတစ်ဉီးကိုတွေ့တော့ မင်္ဂလာပါ အန်တီနဲ့ဆရာမလေး။
ပြုံးပြနှုတ်ဆက်ကာ ကုတင်ပေါ်မှာလှဲနေတဲ့ တေးလေးစီသွားလိုက်သည်
တေးလေးသက်သာရဲ့လား.၊နေလို့ရော အဆင်ပြေရဲ့လား၊ဗိုက်အောင့်တာတွေရှိသေးလား..??
သက်သာပါတယ် မမရော သူငယ်ချင်းတွေနဲ့တွေ့ပီးပီးလား။
တေးသွားကြောင့်ပျက်သွားပီးထင်တယ်မဟုတ်တာ တေးလေးရယ်..
မမ သူငယ်ချင်းတွေ နောက်မှာလိုက်လာကြတယ်။
သူတို့က တေးလေးကိုအရမ်းတွေ့ချင်နေပီးသိလား
မမရဲ့ အိမ်သူသက်ထားလေးကို..။တေးသွား ရှက်သွားကာ မျက်နှာဟိုဘက်လှည့်လိုက်သည်..။
အခန်းထဲမှာ ဒေါ်စောယုနွယ်နဲ့သူနာပြု တစ်ဉီးရှိနေတာကို မေ့နေကြတယ်ထင်တယ်..။
..... ဒေါက်တာလှိုင်းသွယ်မူ ရောက်လာတော့ သူနာပြုလေးပါ တေးလေးနားလာရပ်စောင့်ပေးသည်
သမီးလေးတေးသွားရယ် ဘယ်လိုဖြစ်တာလဲ ရုတ်တရက်ကြီးကွယ် ...
တေးသွားလိပ်ပြာရဲ့ ဗိုက်ကို.ဒေါက်တာလှိုင်းသွယ် နာနာလေးဖိကြည့်နေသည်.လူနာမှတ်တမ်းကို ကြည့်လိုက်တော့
စိုးရိမ်းရတဲ့ ခြေနေမရှိတော့ဘူး သမီးက နဂိုတည်းက
အစပ်စားတော့ အူယောင်တာပါ ဂက်စ်ပါတဲ့ အချိုရည်တွေရှောင်ရမယ်.။
သမီး အရင်နေ့တွေကအောင့်သေးလား ဂက်စ်ပါတဲ့အချိုရည်တွေသောက်မိသေးလား...။အန်တီလှိုင်းမေးတော့ တေးသွား မမကို လှမ်းကြည့်မိသည် မမမျက်နှာက နဂိုအတိုင်းပြုံးပြုံးလေးသာ
တေးသွား မနေ့တည်းကအောင့်နေတာ အန်တီလှိုင်း၊
ဗိုက်အောင့်နေလို့ ဂက်စ်ပါတဲ့ အချိုရည်လည်း သောက်လိုက်မိတယ်တေးသွားကကွာ ဗိုက်အောင့်နေတာ ဘာလို့မမကို မပြောတာလဲ ၊မမတကယ်စိတ်ဆိုးတယ်
လရိပ်စိတ်ကောက်ကာ ဒေါ်စောယုနွယ်ဘေးက ခုံတွင်ဝင်ထိုင်လိုက်သည်။
YOU ARE READING
မင်းက ငါ့အပိုင်
Romanceလူကုန်တန် သူဌေး မျိုးရိုးက ဆင်းသက်လာပြီး စိတ်သဘောထားကောင်းမွန်ကာ ပွင့်ပွင့် လင်းလင်း နေထိုင်တဲ့ ....သူဌေးသမီးလေး "လရိပ်သံစဉ်".... .....ရိုင်းစိုင်းတယ်.. သူများက တစ်ချက်ဆို ကိုယ်က သုံးချက်လောက် လုပ်ရမှ ကြေနပ်တဲ့ လူစားမျိုး......."လွန်းအိမ်ထက်မြတ်" ...