...... လရိပ်သံစဉ်!!!
နင့်ကို ငါအတည် မေးနေတာနော်!!
လရိပ်မှာ အကျင့်တစ်ခုရှိသည်။ ဘယ်အရာကို မှ "စ"နောက်၍ မပြောဖူးပါ။
"စိုးမင်း"က တစ်ခုခုကို ထိန်းချုပ်ထား သောပုံစံဖြင့် မျက်မှောင်ကျုံ့ ကာ ထပ်မေးသည်။ စိုးမင်းက နာမည်အရင်း တစ်ခါမှ မခေါ်ဘူးပါ။
သူစိတ်တိုတဲ့ချိန်၊ ဒေါသထွက် တဲ့ချိန် တွေမှာသာ..ခေါ်လေ့ရှိတယ်။ "လရိပ်" ကို တစ်ခါမှ မခေါ်ဘူးပါ၊ ခုတော့ ခေါ်နေပီး။
နင်ဘာထဖြစ် နေတာလဲ!! စိုးမင်း!!!
ဘာလို့ ဒေါသ လာထွက်ပြနေရတာလဲ!!!
ငါ့ပါငါ ဘယ်သူ့ကို တွေ့တွေ့ ပေါ့ဟယ်။ နင်နဲ့ ဘာဆိုင်လဲ!!
သူငယ်ချင်း ဟာ သူငယ်ချင်းပဲ။ သူများ မပြောပြချင်တဲ့ အရာကို အတင်းစွတ် မေးခွင့်မရှိဘူး!!ဘာ!!! ...."လရိပ်သံစဉ်"
..
.......!!..မေးခွင့် မရှိဘူးဟုတ်လား..!!!
အဲ့ မေးခွင့်မရှိဘူး ဆိုတဲ့ကောင်ရဲ့ သွေးနဲ့ဖြစ်တည်
လာတဲ့ ကလေးကို တစ်နေ့ နင်မွေးရမယ်ဆိုတာ!! မြဲမြဲမှတ်ထား!!
ဖြန်း...!!! "လရိပ်"ပါးရိုက်ချ လိုက်ကာ၊နင် စည်းကျော်မလာနဲ့"စိုးမင်း" သူငယ်ချင်းအချင်းချင်း... ဒီလို စကားပြောထွက်မယ်လို့...နင့်ကို ငါ မထင်ထားမိဘူး။
အေ!! နင်ကသာ မထင်ထားတာ။ နင့်ကို ငါ သူငယ်ချင်းထက် ပိုတယ်ဆိုတာ..ငါတို့တစ်ဖွဲ့လုံးမှာ...နင်ကလွဲရင်အကုန်လုံးသိတယ်။
..ငါ ဆိုတဲ့ကောင်က..ပြောရင်..ပြောတဲ့အတိုင်း ဖြစ်အောင် လုပ်တာ...နင်သိတယ်နော်!!!
လရိပ် မှာတော့ အထင်မှတ်တဲ့ စကားအသုံးအနှုန်းတွေကြောင့် မှင်သက်ကာ မျက်ရည်ဝဲလာသည်။
နင်ပြန်လိုက်တော့ !!စိုးမင်း ။ နင်နဲ့ငါ စကားထပ် မများချင်ဘူး။
စိုးမင်းလည်း ကားမောင်းထွက်လာကာ။ ယောကျ်ားတန်မဲ့ မျက်ရည်အိမ်မှာ မျက်ရည်စီးကျလျက်။
ဘာလို့လဲ!!လရိပ်ရာ၊
နင်ငါ့ကို ဘာလို့ ခါးခါးသီးသီး ဖြစ်နေရတာလဲ။
ငါ့မှာ နင့်ကို ကလေးဘဝတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာရတာလေ။ နင်မကြိုက်ဘူးဆိုတဲ့ ငါ့ရဲ့အကျင့်ဆိုး တွေကိုလည်း ငါပြင်တယ်လေဟာ။
YOU ARE READING
မင်းက ငါ့အပိုင်
Romanceလူကုန်တန် သူဌေး မျိုးရိုးက ဆင်းသက်လာပြီး စိတ်သဘောထားကောင်းမွန်ကာ ပွင့်ပွင့် လင်းလင်း နေထိုင်တဲ့ ....သူဌေးသမီးလေး "လရိပ်သံစဉ်".... .....ရိုင်းစိုင်းတယ်.. သူများက တစ်ချက်ဆို ကိုယ်က သုံးချက်လောက် လုပ်ရမှ ကြေနပ်တဲ့ လူစားမျိုး......."လွန်းအိမ်ထက်မြတ်" ...